EP50(U&Z)END❤❤

Start from the beginning
                                    

လုကျိုးကရှောင်မိသားစုအားကလေးနှစ်ယောက်အားနာမည်ပေးရန်ဂရုတစိုက်တောင်းဆိုခဲ့တယ်။ဘာပဲဖြစ်ဖြစ်မွေးစာရင်းတွင်လုကျိုးနာမည်ကပါပြီးသားပဲလေ။

ရှောင်ရီ: " ကလေးတွေတော့ယူမထားကြ
ပါနဲ့,ဘေဂျင်းကိုရောက်ရင်ကလေးတွေကို
လာကြည့်လို့ရပါတယ်"

"အဖေနှစ်ယောက်ပေါ့"

ပါပါးရှောင်က ပြုံးရင်းပြောလာတယ်,

" နောက်ပိုင်းရှောင်လုပဲလေ့ကျင့်ပျိုးထောင်ပြီး အနုပညာလောကထဲထည့်လိုက်ပေါ့!"

လုကျိုး : "အနုပညာလောကကနက်နဲလွန်းတယ်, သာမန်လူတစ်ယောက်လိုနေထိုင်ဖို့ခက်ခဲလွန်းတယ်,ကလေးတွေကိုလွတ်လပ်ကျန်းမာစွာကြီးပြင်းတာကိုပဲမြင်ချင်မိတယ်"

တစ်နှစ်အကြာ,ဘေဂျင်းတွင်,ဒူးမားကကလေးနှစ်ဦးနှင့် ဆော့နေတယ်။

ဒူးမား:"အခုဆို နည်းပညာတွေကအရမ်းတိုးတက်နေပြီနော်, သုတ်ပိုးတွေကိုအမြွာ
ဖြစ်အောင် ပေါင်းပစ်လိုက်တာလား?
ဘယ်တစ်ယောက်ကမင်းသားလဲ?
ဘယ်တစ်ယောက်ကလုကျိုးသားလဲ? "

" ငါလည်းမသိဘူး, အမြွာလေးမွေးလာတာပဲ,
ငါတို့လည်းမခွဲတတ်ဘူး"

"သွေးနှောတွေက အရမ်းချောတယ်,ငါ
လည်းတနေ့ နိုင်ငံခြားသူလေးရှာရမယ်,
အဲ့ဒါဆို မမှားတော့ဘူး"

" လုကျိုးရဲ့ဒေါသကိုမင်းလည်းသိတာပဲ,
သူ့ရှေ့မှာတော့အဲ့စကားကိုမင်းမှားပြီးသွားမပြောနဲ့,ဆေးရုံကမင်းကိုလာမသွားလိမ့်မယ်"

လုကျိုးတစ်ယောက်သာဘယ်ကလေးရဲ့
ဖခင်ကဘယ်သူဆိုတာကို အသေအချာ
သိနိုင်လောက်တယ်လို့ဒူးမားတွေးမိတယ်၊
လုကျိုးလိုလူကပေါ့ပေါ့တန်တန်လုပ်မှာ
မဟုတ်ဘူး။

ဒူးမား: "လာ..စာချုပ်မှာလက်မှတ်ထိုး..
ငါအလုပ်ရှိလို့ပြန်ရဦးမယ်"

"ပြောရမယ်ဆိုရင်,ငါလည်းရံဖန်ရံခါသီချင်းတွေရေးတယ်,အလုပ်လည်းမသွားရဘူး,
သူကလည်းကလေးနှစ်ယောက်ကိုပြုစုဖို့
အချိန်မရဘူး"

" ကိစ္စမရှိဘူး, လီချမ်းကျန်းကတော့
ဒီရက်ထဲသူမင်းကိုလာတွေ့မယ်ပြောတယ်,
မွေးစားဖခင်ကိုရောသတ်မှတ်ပြီးပြီလား?"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now