"​ရေမချိုးဘူးလား?"

မော်​ကွန်​​မေး​တော့ ထိုသူက ​ခေါင်းအသာရမ်းပြသည်​။ပြီး​နောက်
ဘောင်းဘီအိတ်​ကပ်​ထဲမှ အထုပ်​​သေး​သေး​လေးတစ်​ထုပ်​အား
ပြကာ...

"​အပြင်​မှာ​စောင့်​​နေမယ်​ ​ရေအကြာကြီးမချိုးနဲ့"

"ဘာလဲ စိတ်​ပူလို့လား?"

မော်​ကွန်း​မေးလိုက်​​တော့ ထိုသူက လက်​ခလယ်​​ထောင်​ပြကာ
အပြင်​သို့ထွက်​သွား​လေသည်​။

မော်​ကွန်း ​ခေါင်း​အောက်​ကို လက်​က​လေးခု၍ မျက်​နှာကျက်​ကိုသာ
ငေးကြည့်​​နေမိသည်​။အမှန်​တိုင်း​ပြောရရင်​ ဒီအ​ခြေကို သူနှစ်​သက်
ပေမယ့်​ တစ်​ဖက်​တွင်​ သူ့အား ​မောင်​အရင်းသဖွယ်
အရမ်းချစ်​တဲ့ မမမျက်​နှာကိုမြင်​​ယောင်​လိုက်​လျှင်​ သူအားနာရသည်​။မမနဲ့မျက်​နှာချင်းဆိုင်​တိုင်းဆုံတိုင်း မလုံမလဲဖြစ်​ရသည်​။

သူ၆တန်းနှစ်​​လောက်​က​ပေါ့။အ​ဖေနဲ့အ​မေဆုံးသွား​တော့ ​အ​ဒေါ်ဖြစ်
သူက သူ့အားသူ​ဌေးလင်​မယားဆီ​ရောင်းစားခဲ့သည်​။သူ့စိတ်​​တွေ
ရူး​တော့မလို ခံစားခဲ့ရသည်​။ကံ​ကောင်းချင်​​တော့ သူ့အားအရမ်းချစ်​​ပေးတဲ့မမတို့မိသားစုနှင့်​လာဆုံ​တွေ့ရသည်​။သား​ယောကျာင်္း​လေးလိုချင်​တဲ့ဒယ်​ဒီရဲ့ဆန္ဒလည်းပြည့်​ဝခဲ့သလို
အားကိုးလိုချင်​တဲ့ မာမီနဲ့မမတို့ရဲ့ ​မျှော်​လင့်​ချက်​လည်း ပြည့်​ဝခဲ့သည်​။သူလည်း ဒီမိသားစုနှင့်​အတူရှိရတာ ဘုရား​ပေးတဲ့
ဆုလာဘ်​လို။သို့​ပေမယ့်​ ကံဆိုလား?ကံ​ကောင်းလား ​မော်​ကွန်း
မသိ​တော့​ပေ။မော်​ကွန်း၁၀တန်း​အောင်​ပြီး​တော့ မမကသူနှင့်​လက်​ထပ်​ရမည့်​ အမျိုးသားအားအိမ်​​ခေါ်လာသည်​။ထိုအချိန်​ကစပြီး
မော်​ကွန်းဘ၀ နွံထဲရုန်းမထွက်​နိုင်​ဖြစ်​ခဲ့ရ​တော့သည်​။

"ဆရာမ..ဒီက​လေး ကျွန်​​တော့်​​နောက်​က တစ်​​ကောက်​​ကောက်
လိုက်​ပြီး အမြဲတမ်းလိုက်​​နှောက်​ယှက်​​နေတယ်​ ဒီတစ်​ခါ​တော့သည်းမခံနိုင်​​တော့ဘူး"

၁၀တန်း အစ်​ကိုကြီးတစ်​​ယောက်​က သူနဲ့မျက်​နှာချင်းဆိုင်​မှ
၅တန်း က​လေးငယ်​အား လက်​ညိုးထိုးပြီးတိုင်​​လေသည်​။
သို့​ပေမယ့်​ ထိုက​လေးက​တော့ အထိုးခံရတာ​တောင်​မမှတ်​​​သေး
ပြုံးပြုံးကြီးသာ ထိုအစ်​ကိုကြီးအားကြည့်​​နေ​လေသည်​။

My only treasure is you(completed)Where stories live. Discover now