Chapter 248: The Harasser (2)

Start from the beginning
                                    

"ယောကျာ်းတစ်ယောက်ကို ရွေးမယ်ဆိုရင် ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူကို ရွေးတာ အကောင်းဆုံးပဲ"
"ချူယန်က အသင့်တော်ဆုံးပဲ"

သူ့သမီးက ဒီချူယန်လို့ ခေါ်သည့်သူကို အရမ်းသဘောကျသည်အား ယဲ့ကျွင်းခံစားမိသည်။ သို့ပေမယ့် သူမက ဒီလို လုပ်လေ သူက ချူယန်အကြောင်း ပိုစိတ်ပူလေဖြစ်သည်။

သူက ကောက်ကျစ်သည့်သူဖြစ်ပြီး သူ့ရဲ့ ဖြူစင်ပြီးချစ်ဖို့ကောင်းတဲ့သမီးလေးကို လှည့်စားနေတဲ့သူလို့ ခံစားမိနေသည်။

သို့ပေမယ့် သူ့သမီးက သူ့ကို ဆန့်ကျင်တာမျိုးမဖြစ်အောင် သူက တူတူမရှိစေချင်ရင်တောင်မှ ထုတ်ပြောလို့မဖြစ်ပေ။

"ပါးတို့ နောက်ကျမှ ပြောကြတာပေါ့" ဒီအကြောင်းကို ယဲ့ချင်းရန်နှင့် ဆက်ပြောဖို့ ယဲ့ကျွင်းမှာ အစီအစဉ်မရှိချေ။

"ပါးက အခြေအနေကို အကဲဖြတ်ချင်တာလား"

"ဒါပေါ့ ပါး စမ်းသပ်ချင်သေးတာပေါ့" ထိုသူက ယဲ့ချင်းရန်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး သူမဘဝတစ်လျှောက်လုံး ကာကွယ်ပေးနိုင်မည်လို့ ယဲ့ကျွင်း မယုံကြည်ပေ။

"ဒါဆို နောက်တစ်နေ့လောက် ထမင်းတူတူစားဖို့ ခေါ်ရင်ရော?" ယဲ့ချင်းရန်က ထပ်မေးလာ၏။

"အဲဒါလည်း နောက်မှ ပြောကြတာပေါ့" အခုလောလောဆယ် ယဲ့ကျွင်းက ချူယန်ကို မတွေ့ချင်ပေ။

ဒါက သမီးလေးရဲ့ အချစ်ဦးဖြစ်သည်။ အချစ်ဦးတွေက ပုံမှန်ဆို ရေရှည်မခံပေ။ ရက်အနည်းငယ်ပြီးတာနှင့် ပြတ်ဆဲကြသည်။

အဲ့တော့ တွေ့စရာ ဘာအကြောင်းရှိလဲ? သူ့သမီးကို မြူဆွယ်သည့် ထိုလူက နောက်တစ်နေ့ဆို ထားသွားချင်ထားသွားနိုင်သည်။

တွေ့စရာ ဘာအကြောင်းမှမရှိပေ။

ယဲ့ကျွင်းက တစ်ခါထဲနှင့် လက်ခံမည်လို့လည်း ယဲ့ချင်းရန်က မမျှော်လင့်ခဲ့ပေ။

ဒီနေ့တော့ သူမက ယဲ့ကျွင်းကို ဒီလောက်ပဲပြောဦးမည်။ ယဲ့ကျွင်းရဲ့ အပြုအမူအစား သူမခံစားချက်ကို သူမဆုံးဖြတ်ပြီးပြီဖြစ်၏။ သူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ သူမက ချူယန်နှင့် ရှိနေမည်ဖြစ်သည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now