နောက်ဆုံးအနေနဲ့ ဒါရိုက်တာကော်ရဲ့ဒရမ်မာလည်းပြီးစီးသွားခဲ့ပြီ၊ လူတိုင်းစိတ်လက်ပေါ့ပါးသွားပြီး လုကျိုးတစ်ယောက်အိမ်မှာနေပြီး သုံးရက်လုံးလုံးအိပ်နေခဲ့တယ်၊ပင်ပန်းနေတဲ့ရှောင်ရီကတော့ တီးဝိုင်းနှင့် တွေ့ဆုံပြီး
သီချင်းစာသားနဲ့ သံစဥ်အတွက် လိုအပ်သည်များကို ပြင်ဆင်ခဲ့ တယ်။

တည်းဖြတ်သူတွေက တည်းဖြတ်ခြင်းရဲ့ နောက်ဆုံးအဆင့်တွေသို့ရောက်တဲ့အခါ
လူတိုင်းက ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီတွင်
အားလုံးစုရုံးပြီး အစည်းအဝေးပြုလုပ်ကြတယ်၊ရှောင်ရီက သူ့သီချင်းအား စန္ဒရား
သံစဥ်ဖြင့် ပထမဆုံး သရုပ်ပြခဲ့ပြီး နောက်
ရောစပ်ထားတဲ့ ပုံစံကို ပြတယ်၊ လုကျိုးမှ
လွဲ၍ လူတိုင်းက သူ့ရဲ့ ဖန်တီးမှုကိုပထမဆုံး
အနေဖြင့် ကြားရခြင်းဖြစ်တယ်။

အစပထမ၌ သီချင်းလေးက အရမ်းကောင်းတယ်လို့ ရှောင်ရီ တွေးထားပေမဲ့ တဖြေးဖြေး ပင် ယုံကြည်မှုတွေ ပျောက်ဆုံးလာတယ်၊
အစမ်းလေ့ကျင့်ခန်းထဲမဝင်ဘဲခြေဦးတည့်ရာ
ထွက်ပြေးချင်လာတယ်၊အဆုံးသတ်မှာ,
လုကျိုးက သူ့ကို အဆိုပါ အစမ်းလေ့ကျင့်ခန်းဆီသို့ ကိုယ်တိုင်ပင် ကန်သွင်းခဲ့တယ်။

"အရမ်းကောင်းတယ်"

ကျွှိဟွားရဲ့ သူဌေးကအံ့အားသင့်စွာပဲ မေးလာတယ်၊

"မင်းနာမည် ဘယ်လိုခေါ်လဲ?"

"ရှောင်ရီ ...ကျွန်တော်က မစ္စတာလုကျိုးရဲ့
လက်ထောက်ပါ"

ကျွီဟွားရဲ့ သူဌေးက ခဏအကြာပြောလာတယ်၊

" ဒီသီချင်းကကြီးမားတဲ့ အောင်မြင်မှုတစ်ခု
ဖြစ်လာမယ်၊သီချင်းက အဓိပ္ပာယ်တွေနဲ့
ပြည့်ဝနေတယ်၊လူတွေကိုလည်းဆွဲဆောင်
နိုင်သလိုနှလုံးသားထဲထိငြိတွယ်စေနိုင်တယ်၊
ငါတို့ အဆိုတော်တစ်ယောက်ရှာပြီးသီချင်း
စသွင်းကြစို့"

လုကျိုးပြောလာတယ်,

"ရှောင်ရီကိုပဲဆိုခိုင်းလိုက်ပါ"

ရှောင်ရီ အံ့သြသွားတယ်,

" မလိုဘူး...မဖြစ်ဘူး"

လုကျိုးမျက်နှာပျက်စွာရှောင်ရီကိုကြည့်တယ်၊ရှောင်ရီ ကလည်းလုကျိုးမျက်နှာပျက်မှာ စိုးရိမ်တယ်၊သူ့ စိတ်ထဲတွေးလိုက်မိတာက , ကော..ကောက ကျွန်တော့် လက်ရှိအခြေအနေကို နားမလည်ဘူး၊ ကောရဲ့ညီကျွန်တော်က သီချင်းမဆိုတာ နှစ်အတော်ကြာပြီ၊ ကျွန်တော့်အသံကလည်း ပြာနေ
ပြီ၊ကောကျွန်တော့်ကို recordလုပ်ခိုင်းမယ့်အစားကျွန်တော်ကောအတွက်သေပေး
ပါ့မယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now