ညဘက်တွင်, လမ်းမီးရောက်အောက်,
လူတိုင်း နေ့တပိုင်းမျှ အလုပ်ရှုပ်နေကြလျက်
နောက်ဆုံးတွင် ရုပ်ရှင်စရိုက်ကြတယ်။

လုကျိုးရဲ့ နဖူးပြင်၌ ပိတ်ဖြူစတစ်စပတ်
ထားပြီး ဖြူဖျော့နေသောမျက်နှာဖြင့်
အဓိကအမျိုးသမီးဇာတ်ဆောင်နှင့်အတူလမ်းလျှောက်လာတယ်၊ထို အမျိုးသမီး
ရဲ့လက်ထဲမှာလည်း ယွမ်တသိန်းပါသော
ပိုက်ဆံအိတ်တအိတ််ကို ကိုင်ဆောင်ထားတယ်။

နောက်တခန်းတွင်, လုကျိုးက ပန်းခြံထဲတွင် ထိုင်ကာ အမျိုးသမီးဇာတ်ဆောင်ကို စောင့်နေခြင်းပင်၊လုကျိုးနှင့် မနီးမဝေးတွင်ကားတစ်စီးရောက်လာပြီး ထိုကားထဲမှဝူဟန်းကုကကားပြတင်းမှန်ချပြီး လုကျိုးရဲ့ ဦးတည်ရာကို လှမ်းမေးလာတယ်။

နောက်ဆုံးအခန်းကတော့, လုကျိုးအား
ရိုက်နှက်ရန် အတွက်ဇာတ်ပို့စုံတွဲမှ တိတ် တဆိတ်ခေါ်ဆောင်သွားတဲ့ အခန်းဖြစ်တယ်။

"Cut!"

ဒါရိုက်တာမှ ပြောလာတယ်,

"ဒီထိ ထားလိုက်ရအောင်"

လုကျိုးတစ်ယောက် သေမတတ်ပင်ပင်ပန်းနေပြီးနောက်ကားထဲသို့ဝင်လာတယ်၊အိမ်ပြန်ရောက်တဲ့အခါ, ရှောင်ရီကခရီးစဥ်ရဲ့ အချိန် ဇယားကိုတချက်ကြည့်နေချိန်လုကျိုး ပြောလာတယ်၊

"ဟေး"

လုကျိုး တကိုယ်လုံးဆိုဖာပေါ်သို့ပစ်ကျနေတာကို ရှောင်ရီ တွေ့နေရတယ်၊

"ဘယ်လိုနှိပ်ရလဲမင်းသိလား?"

ရှောင်ရီ လုကျိုးအား နှိပ်ရန် လာလိုက်တယ်၊

"ငါ့ခြေထောက်ကို နှိပ်ပေးလို့ရမလား?"

ရှောင်ရီ အနည်းငယ်အံ့အားသင့်သွားတယ်၊

"ကျိုးကော ဒီနေ့မှဘာလို့ယဥ်ကျေးနေတာလဲ?"

ရှောင်ရီ လုကျိုးရဲ့ ခြေအိတ်တွေကို ချွတ်လိုက်တယ် , လုကျိုး ကမကျေမနပ်ဖြင့်
ပြောလာတယ်၊

"မင်း သိမ်ငယ်မှာကိုငါစိုးရိမ်တယ်လို့တော့
မင်းမထင်ဘူးမလား?"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ရှောင်ရီ ပြောလာတယ်၊

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now