နေ့လည်တနေ့ခင်းလုံးတွင်ရှောင်ရီရဲ့
စိတ်အခြေအနေကအားတင်းထားနေရတဲ့အနေအထားမှာရှိနေတယ်၊လုကျိုးကို နှိပ်နေစဥ်မှာဘဲ ခေါင်းလေးက ငိုက်ကျလာပြီး
လုကျိုးရဲ့ လက်မောင်းကို နှိပ်နေစဥ်မှာဘဲ
သူအိပ်ပျော်သွားတယ်။

လုကျိုး ဖုန်းပြောနေတာကို သူပြန်ကြားရလိုက်ရတဲ့အခါ သူဘယ်လောက်ထိ
အိပ်ပျော်သွားလဲ ဆိုတာကိုတောင် မသိတော့ဘူး၊ကမန်းကတမ်းပင် သူ့အိပ်ရာဆီသို့
ထသွားပြီး အနားယူဖို့ရန်ကြံရွယ်လိုက်စဥ်
သူ လုံးဝ ထလို့မရဘူး။

ညဥ့်သန်းခေါင်တွင်ရှောင်ရီတစ်ယောက်
လုကျိုးရဲ့ အိပ်ရာမှနှင်ထုတ်ခြင်းအား ခံလိုက်ရတယ်။

ရှောင်ရီ ;"......."

ရှောင်ရီ တောင်ကြည့်မြောက်ကြည့်လုပ်
နေစဥ် လုကျိုးက သူ့ထံ စောင်တထည်
ပစ်ချလာပေးတာမို့ ရှောင်ရီ စောင်လေးကို
ယူကာ ကြမ်းပြင်တွင် လဲလျောင်းလျက်
အိပ်ပျော်သွားခဲ့တယ်။

***********************

ဒီနေ့က ထူးထူးခြားခြား သာယာတယ်,
ဟန်းတျန့်ရဲ့ ရာသီဥတုက လည်း ဒီရက်တွေမှာ အတော်လေး ပြန်လည်ကောင်းမွန်နေတယ်၊လုကျိုးနဲ့ ဝူဟန်းကု တို့ က Maifu *
အတွက် fanserviceပေးရန် ဓာတ်ပုံများစွာရိုက်ခဲ့ကြတယ်၊လူကျိုးရဲ့ မျက်နှာအမူအယာက အနည်းငယ် ဘဝင်မကျသလို ဖြစ်နေတယ် ၊ထိုနေ့၌ပင် PRအဖွဲ့မှဝန်ထမ်းတွေကထိုပုံတွေကို တင်ခဲ့ပြီး ထို ပိုစ့်အား ပြန်၍
Repost လုပ်သူ ဦးရေက မိနစ်ပိုင်း အတွင်းမှာဘဲ 20000ကျော်ထိ ရှိခဲ့တယ် ။

(T/N..mai fuဆိုတာက အမျိုးသား နှစ်ယောက်ကို shipသူတွေအတွက် fanserviceလုပ်ပေးတာပါ )

အခြေအနေတွေကို တွေ့နေ့ရတဲ့ ရှောင်ရီက
ဤသို့ တွေးနေမိတယ်...

"အခြား မင်းသားတွေလည်း လုကျိုးနဲ့
ခုလိုလေး maifuလုပ်ချင်နေကြမှာဘဲ,
ခုလို နတ်ဘုရားနဲ့ maifuလုပ်ရတာဘယ်လောက် ကောင်းလဲ ...ဟက်!!"

"မင်းလည်း Maifuလုပ်ချင်လား ?"

အဲ့ဒီစကားကို တော့ ဒါရိုက်တာက မေးလာခြင်းပင်။

ရှောင်ရီက အပြုံးလေး ဖြင့်သာ ပြန်ဖြေတယ်၊

"ပရိသတ်က ကျွန်တော့်ကိုမှမသိတာ"

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now