ညနေငါးနာရီခွဲမှာတော့ , လူတိုင်းက ပစ္စည်းများကို ထုပ်ပိုး သိမ်းဆည်းခြင်း , ညနေစာစားခြင်းများ ပြုလုပ်နေကြပြီး လုကျိုးရဲ့ ညနေစာသည်လည်း အချိန်မှီရောက်ရှိလာခဲ့တယ်၊လူတိုင်းကနေ့လည်ဘက်မှာကတည်းကပင်သိသိသာသာပင်ပန်းနေခဲ့ကြတာမို့ ညနေစာအား နှစ်လုတ်သုံးလုတ်မျှသာစားနိုင်ကြပြီး နောက်ကားထဲ၌သာအနားယူနေခဲ့ကြတယ်၊ရှောင်ရီကလုကျိုးအား
ငုံဆေးလေးတစ်လုံးပေးလိုက်တယ်၊အခြားလက်ထောက်တစ်ယောက်ကလည်းလုကျိုးအားနှိပ်နယ်ပေးလျက်ရှိနေတယ် , သို့သော်
လူကျိုးတစ်ယောက် မသက်မသာနဲ့
အဆင်မပြေဖြစ်နေပြီး နောက်ဆုံး၌ ထအော်လာခဲ့တယ်။

"ရှောင်...ရီ ! ဒီကို လာခဲ့ ! "

ရှောင်ရီ အလိုက်တသိဖြင့် အခြားလက်ထောက်တစ်ယောက်အား ဖယ်စေပြီး
သူကိုယ်တိုင် လုကျိုး ပခုံးအား နှိပ်နယ်ပေးလိုက်တယ်။ လုကျိုး အတော်လေး ပင်ပန်းနေတာမို့ အလိုက်တသိဖြင့် တိတ်တဆိတ်ပင် သူနေပေးလိုက်တယ်။
ခဏမျှအကြာတွင် အဖွဲ့သားများထဲမှ
သူတို့အား နေရာပြောင်းရွေ့ရန်ဖုန်းဆက်ကာအကြောင်းကြားလာတာမို့ ရှောင်ရီ လိုအပ်သည်များကို လုပ်ကိုင်ပြီးနောက် ကားမောင်းပြီး ထွက်ခွာလာလိုက်တယ်။

မိုးချုပ်လာပြီမို့ ကောင်းကင်ကြီးလည်း
တဖြေးဖြေးပင်မှေးမှိန်လာခဲ့တယ်။မီးထိုးမှန်ထိုးအဖွဲ့သားတွေက အရင်ဦးစွာရောက်ရှိနေကြပြီး ဆက်တင်အတွက်လိုအပ်သည်များကို အစအရာရာကြိုတင်ပြင်ဆင်ထားပြီး ဖြစ်နေတယ်။နန်းတော်တဝိုက်အလင်းအမှောင်အနေအထားကို စစ်ဆေးပြီးနောက် ရိုက်ကူးရေးအတွက် အဆင်ပြေစေမည့်ရှုထောင့်မှဒေါင်လိုက်အနေအထားဖြင့် မီးများကို
ထိန်ထိန်ညီီးအောင်ထွန်းညှိလိုက်တယ်၊
လုကျိုးက သူ့အဝတ်အစားတွေကို ကားထဲတွင်သာလဲလှယ်လိုက်ပြီး အပြင်သို့ ထွက်လာလိုက်တယ်၊မီးအလင်းရောင်ကအတော်ကြီးပင်စူးရှနေတာမို့သူ့မျက်လုံးများပင်
မူးဝေသွားခဲ့တယ်၊ လုကျိုး ဘေးဘက်ဆီသို့
ထွက်လာခဲ့လိုက်ပြီးဝန်ထမ်းများကို
သူ့မိတ်ကပ်အားပြန်၍  ပြင်ဆင်စေတယ်။

လုကျိုးက ညဘက်လျှို့ဝှက်စွာအပြင်ထွက်ရာတွင်ဝတ်သည့် အနက်ရောင်ညဝတ်စုံအား အရင်ဦးစွာအထဲဘက်၌ဝတ်ဆင်လိုက်ပြီး ဒါရိုက်တာနှင့် ဇာတ်ညွှန်း ဇာတ်ကွက်များ အကြောင်း အရင်ပြောဆိုလိုက်တယ်။
ပြီးနောက် ဧကရာဇ်ဝတ်ရုံအားအပေါ်ဘက်မှ
ထပ်မံ၍ ဝတ်ဆင်လိုက်တယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now