နေ့လည်ဘက်မွန်းတည့်ချိန်တွင်,
သရုပ်ဆောင်များလုံး ဓာတ်ပုံရိုက်ကူးမှု ပြီးစီးသွားကြပြီဖြစ်သည်မို့ အဖွဲ့သားများအကုန်သည် ရထားပေါ်သို့ တက်လာကြပြီး
ရိုက်ကူးရေး လုပ်မည့် နေရာဆီသို့ ဦးတည်လျက် ထွက်လာခဲ့ကြတယ်။

မွန်းလွဲပိုင်းတွင် ပထမဆုံးနေ့အတွက် ရိုက်
ပြီးမနက်ဖြန်မှသာ ဒုတိယပိုစတာအတွက် ထပ်ရိုက်မည်ဟုဒါရိုက်တာကကြိုတင်အကြောင်းကြားပြောဆိုလာခဲ့တယ်။ရိုက်ကူးရေးနေရာသို့ရောက်တဲ့အခါ, နေ့လည်စာဘူးများကို လူတိုင်းအတွက် အဖွဲ့မှ လက်ဆင့်ကမ်းကာပေးလာခဲ့တယ်။

စားသောက်ပြီးနောက် , အလင်းအမှောင်နဲ့ မီးထိုးမှန်ထိုး ဝန်ထမ်းများကအလုပ်ပြန်လုပ်နေကြတယ်။ရှောင်ရီက ယခုစတူဒီယိုမှာ
လွန်ခဲ့တဲ့ နှစ်လကမှ ကြိုတင်ဆောက်လုပ်ထားတာမို့ လေးရက်ကြာမျှသာရိုက်ကူးပြီး
နောက် သူတို့က  အကုန်လုံးကို ဖြိုဖျက်ပြီး
နောက် မြင်ကွင်းတစ်ခုအတွက် အသစ်တည်ဆောက်ရမည်ကို တွေ့လိုက်ရတယ်။

" နေ့လည်စာကော ? "

လုကျိုးမေးလာတယ်။

ရှောင်ရီ :" ..... .."

ရှောင်ရီ ထိုအတွေးကို ဖယ်ထုတ်ပြီး လက်ထောက်တွေဆီချက်ခြင်း ဖုန်းခေါ်လိုက်တယ်။သို့သော် , လုကျိုး အတွက်သီးသန့်
စီစဥ်ထားသည့် နေ့လည်စာက အချိန်မှီ
မရောက်လာခဲ့။ရှောင်ရီ တွေးလိုက်မိတယ်
"ငါ့ဘဝ တော့ ပြီးပြီ " အံ့သြစရာကောင်းစွာပင်လုကျိုးကစိတ်မဆိုးဘဲ ပြောလာတယ်။

" ထားလိုက်တော့...မင်းနေ့လည်စာသွားစားတော့ "

ရှောင်ရီ ပြောလိုက်တယ်။

" ဆယ်မိနစ်လောက်ဘဲ စောင့်ပေးနော်!
ဆယ်မိနစ်ထဲ ! ၊ကျွန်တော် နေ့လည်စာ
သွားယူပေးမယ် "

လုကျိုး :"........"

ရှောင်ရီ :"......."

ရိုက်ကွင်းရှိလူများ အကုန်စားပြီးချိန်တွင်,
အမျိုးသမီးတာဝန်ခံကိုတောင် နေရာတိုင်း
တွင်လိုအပ်ချက် ရှိမရှိလိုက်ကြည့်နေတာကို
တွေ့နေရတယ်, ရှောင်ရီနဲ့ လုကျိုးလည်း
ဆာနေပြီ , သူတို့ မနက်က မနက်စာကိုလည်း
နည်းနည်းဘဲ စားမိခဲ့ကြတယ်လေ။ကင်မရာတွေတောင် ပြင်ဆင်ပြီးနေပြီ ၊ရှောင်ရီ
အကြိမ် ထောင်ပေါင်း သန်းပေါင်းများစွာ
နှင့်ချီပြီး ဆုတောင်းနေမိတယ်၊နေ့လည်စာလာပို့မယ့်လက်ထောက်ကသာပေါ်မလာခဲ့ရင် တချိန်တည်းမှာဘဲ  ရိုက်ကူးရေးဘဲစရမလား ဒါမှမဟုတ် လုကျိုးထမင်းစားပြီးတာကို
စောင့်ရမှာလား ဆိုတဲ့ အနေအထားတွေ
ဖြစ်ကုန်လိမ့်မယ်။

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Dove le storie prendono vita. Scoprilo ora