"ငါ့ရည်းစားကငါ့ကိုမကြာခဏ
ဆဲဆိုနေတာဘဲ "

ရှောင်ရီသူ့ကိုပြောလိုက်သည်။

"ကျိုးကော ...စိတ်မပူပါနဲ့ ...သူမစိတ်တည်ငြိမ်သွားတဲ့အခါအားလုံးအကုန် အဆင်ပြေသွား
ပါလိမ့်မယ် ''

လုကျိုးက ရှောင်ရီအားတချက်မှတောင်
လှည့်ကြည့်မလာခဲ့။အဲ့ဒီအချိန်လုကျိုးအား
ချီဟွားဟွားကိုက်ထားတာကိုရှောင်ရီသတိရလိုက်သည်။ရှောင်ရီအရက်ပြန်နှင့်ဂွမ်းကိုယူပြီး နောက်မေးလိုက်သည်။

"အကိုက်ခံရတဲ့နေရာကသွေးထွက်နေလား ?"

လုကျိုးတစ်ယောက်စိတ်မရှည်စွာဖြင့်
ရှောင်ရီလက်ထဲမှသူ့လက်အား ဆွဲထုတ်သွားခဲ့သည်။ကိုက်ရာကရှပ်အကျီကိုတောင်စုတ်ပြဲသွားစေလျက်ဒဏ်ရာကအကွင်းလိုက်ဖြစ်ကာသွေးများပင်ထွက်နေခဲ့သည်။ရှောင်ရီ
ထိတ်လန့်စွာပင်ကြည့်လိုက်ပြီးပြောလိုက်သည်။

"ကျိုးကော ...အခု ချက်ခြင်းဆေးထိုးဖို့
လိုတယ်"

"ထိုးစရာမလိုဘူး ''

လုကျိုး လက်ရှိနေရာကချက်ခြင်းထပြီး
သူနဲ့ ခပ်ဝေးဝေးနေရာတွင်ပြန်သွားထိုင်နေသည်။ထို့နောက်ဒေါသ တကြီးဖြင့်ပြောလာသည်။

"မင်းငါ့ကို ဘယ်လိုဟာသမျိုးတွေလာပြောနေတာလဲ ?''

"ကျိုးကောအခု ခွေးရူးကာကွယ်ဆေးထိုးဖို့လိုတယ် "

ရှောင်ရီ ပြောလိုက်သည်။

"ဒီလိုမှမဟုတ်ရင် ,ကျိုးကောခွေးရူးရောဂါ
ရရင်ဘယ်လို လုပ်မလဲ ?''

လုကျိုး ထအော်လာတယ်။

"မင်းမျက်စိထဲမှာ ငါကခွေးရူးပြန်နေတဲ့လူနဲ့တူနေလို့လား ?.''

ရှောင်ရီ : '.... ......'

အတွေးထဲမှာတော့ ' ဟုတ်တယ် 'ဟု သူပြောလိုက်မိတယ်၊သို့သော် သူ့ပါးစပ်ကထွက်သွားခဲ့သည်က

" ကျွန်တော့ ပြောချင်တဲ့အဓိပ္ပါယ်ကခွေးကို ပြောတာ ...သူကခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ် ပိုးကိုသယ်ဆောင်လာလိမ့်မယ် ၊ဘယ်လိုဘဲ
ဖြစ်ဖြစ် ကျိုးကော ဆေးထိုးဖို့လိုတယ် "

ကိုယ့်ချစ်သူလက်ထောက်လေး (Complete)✅✅✅Where stories live. Discover now