Chapter 59 _ ပရိုဂျက်တာ

Start from the beginning
                                    

မြို့ပိုင်သားက အကြောင်းအရာတော်တော်များများကို သိလေသည်: "သတ္တုရိုင်းက ရုပ်သေးရုပ်တွေရဲ့ အသက်စွမ်းအင်ပဲ။ သတ္တုရိုင်းတစ်တုံးထဲက စွမ်းအင်က အမျိုးအစားဟောင်းရုပ်သေးရုပ်တစ်ရုပ်ရဲ့ ဗဟိုချက်ကို တစ်နှစ်အထိ အလုပ်လုပ်အောင် လုပ်ပေးနိုင်တယ်။ အမျိုးအစားအသစ်ဆို သုံးလပေါ့။ သတ္တုရိုင်းတစ်တုံးရှိရုံနဲ့ လုံလောက်ပြီ။ ခန္ဓာကိုယ်လည်း ခဏခဏပြောင်းလို့ရတယ်။ အဲ့တာကြောင့် ရုပ်သေးရုပ်တွေက ထာဝရအသက်ရှင်နေနိုင်တာ"

သတ္တုရိုင်းက ငွေကြေးအဖြစ်အသုံးပြုနိုင်သည်အထိ တန်ဖိုးရှိသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ အသက်ရှင်စေသည့် စွမ်းအင်အရင်းအမြစ်ဖြစ်နေတာကြောင့်ပင်။

"ဒါဆို ရုပ်သေးရုပ်တွေက အမျိုးအစားသစ်လေလေ သေနိုင်ချေပိုများလေလေပေါ့?" ကွမ်းလင်က အနည်းငယ် စိတ်ပူနေလေသည်။ သူက သံဖြူရုပ်သေးရုပ် ဖြစ်နေသည်ပင်။

"မင်းက ဦးနစ်ခ်ရဲ့ သားမလား။ သူက မင်းအတွက် အမြဲ စွမ်းအင်တွေဖြည့်ပေးနေမှာပါ။ မပူပါနဲ့" မြို့ပိုင်သားက ပြောလိုက်လေ၏။

ရှင်ယဲ့ သူ၏ ဗဟိုချက်ရှိလောက်မည့်နေရာအား စမ်းကြည့်လိုက်သည်။ သူ၏ အသက်စွမ်းအင်ကို မဖြည့်သည်မှာ ဘယ်လောက်ကြာပြီလဲဆိုတာ မသိချေ။ အဲ့လောက်အထိတော့ ကံမဆိုးလောက်ဘူးမလား? ဟု ပြောချင်သော်လည်း ကံဆိုးမိုးမှောင်ကျခြင်းက ကံကြမ္မာဆန့်ကျင်သူများအတွက်တော့ ဖြစ်လေ့ဖြစ်ထရှိသည့် ရောဂါတစ်ခုသာ ဖြစ်နေလေသည်။

"မင်းတို့ထဲက ဘယ်သူ သတ္တုရိုင်းနဲ့ စွမ်းအင်ဖြည့်တတ်လဲ?" ရန်ဒီက မေးလိုက်လေ၏။ "မိုင်းတွင်းထဲ ဝင်ပြီးလို့ သတ္တုရိုင်းရှာတွေ့တာနဲ့ ငါတို့ ကိုယ့်စွမ်းအင်ကိုယ် ဖြည့်ဖို့ အကြံပေးချင်တယ်။ အဲ့ဒါမှ ရုတ်တရက် အလုပ်လုပ်တာ ရပ်မသွားမှာ"

ကံကြမ္မာဆန့်ကျင်သူဖြစ်သည့်အလျောက်၊ ရန်ဒီမှာ အထူးကျွမ်းကျင်ပြီး၊  ကိုယ့်ကံကိုကိုယ် စိန်ခေါ်ခြင်းအလျှင်းမရှိပေ။

မြို့ပိုင်သား: "ငါတော့ မလုပ်တတ်ဘူး။ မြို့ထဲမှာ ရုပ်သေးရုပ်တွေအတွက် စွမ်းအင်ဖြည့်ပေးတဲ့ ဆိုင်ရှိတယ်။ လက်ခပေးဖို့တော့လိုတယ်။ ပြီးတော့ စက်ဆီီဆိုင်နဲ့ ပြုပြင်ဆိုင်က သူဌေးတွေလည်း လုပ်တတ်တယ်။  စီးပွါးရေးအတွက် လိုအပ်တယ်ဆိုတော့"

High Energy QR Code [ Myanmar translation ]Where stories live. Discover now