9.5

1.6K 283 28
                                    

'' အား အမေ့ နာတယ်ဗျ ''

'' ခွေးပေါက်လေး မင်းပဲ ရန်ဖြစ်လို့
ဒီဒဏ်ရာက ရလာတာလေ ။ ဘာလို့ အမေ့ကို အပြစ်မြင်နေရတာလည်း''

ဆူငေါက်နေသည့် အမေ့ကို သူ
ဘာမှပြန်မပြောပဲ အင်္ကျီတွေကိုသာ ပြန်ဆွဲချလိုက်သည် ။

'' သူလာမှ ဆေးထည့်မှာ ''

'' ဘယ့်နှယ့် Taehyung လေးက အလုပ်ရှိတယ်လေ ။ သူ့ကို ဒုက္ခမပေးစမ်းပါနဲ့ သားရယ် နော် ။ လာ အမေထည့်ပေးမယ် ''

ချော့မော့ပြီး တိုးကပ်လာသည့် အမေ့ကြောင့် Jungkook ခါးခါးသီးသီးပင် အနောက်ကို ဆုတ်လိုက်သည်။

'' သူနဲ့မှလို့.. သူနဲ့မှ ထည့်မှာ ''

'' အဲ့လောက်တောင်မှ အမေ့ထက်ကို
ပိုပြီး တွယ်တာနေတယ်ပေါ့ ''

အမေ့၏ ပြုံးစစ စကားသံကြောင့် Jungkook နားရွက်ဖျားတွေက ရှက်စိတ်ဖြင့် ရဲသွားသည်။

'' မဟုတ်ဘူး .. သူက
ဆရာဝန်ဆိုတော့ ''

'' ဟုတ်လား အဲ့ဒါကြောင့်ပေါ့
သေချာတယ်ပေါ့ ''

'' ဟာ အမေကလည်း ဗျာ ''

စောင်ကြီးကို ဆွဲခြုံပြီး
ဟိုဘက်လှည့်သွားတော့သည် ။

'' အိုး ဟုတ်ပါပြီ အမေ့သားလေးက အများကြီး ရှက်သွားပြီပဲ ။
မစတော့ဘူး ဟုတ်ပလား ''

စောင်ပုံထဲက ခွေးပေါက်လေးက
ဘာဆိုဘာမှကို ပြန်မဖြေတော့တာ ။

ဂျွန်ယူရီကတော့ သဘောတကျ
ရီမောပြီးတော့သာ အခန်းထဲက
ထွက်သွားလေသည်။

ဒီကောင်လေးဟာ Taehyung လေးရဲ့ အဆူအငေါက်ကို နေ့တိုင်း လိုချင်နေပုံပါပဲ ။

'' Jeon Jungkook... မင်း...
ငါ သေချာမှားထားရက်နဲ့ ဆေးမထည့်ထားဘူးပေါ့လေ ဟုတ်လား ''

'' အဲ့တာက ''

'' တော်လိုက်တော့ မင်း ဖြေရှင်းချက်တွေ ။ အခုလိုမျိုး ကျပ်ကျပ်ပေါ့ဆ ဒဏ်ရာက ပျောက်ပါလိမ့်မယ် ချက်ချင်း ''

ဆူလည်း ဆူငေါက် ဒဏ်ရာကိုလည်း Taehyung က ဆေးထည့်ပေးနေသည်။ Jungkook ကတော့ ဘာမှလည်း ပြန်မပြောပဲ ပြုံးယောင်ယောင်လေး လုပ်နေသည်။

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now