9

1.2K 275 65
                                    

အိမ်ရှေ့စံမင်းသမီးရဲ့ လက်ထပ်ပွဲအတွက် စုရုံးပြင်ဆင်နေကြသည့်
ပျော်ရွှင်သံတွေက နန်းဆောင်ထဲ
ပုန်းနေခဲ့သည့် ယောင်းကိုပါ ကြားစေသည်အထိ အကြီးအကျယ်ပင် ။

''ဂျယ်ဟာဂူ ပြတင်းတံခါးတွေ
ပိတ်ထားစမ်းပါ ။ တူရိယာသံတွေ ကိုယ်တော်မကြားချင်ဘူး ''

'' ပြတင်းတံခါးတွေက
ပိတ်ထားပြီးသားပါ မင်းသား ''

'' အဲ့ဒါဆိုလည်း အဝတ်တစ်ခုနဲ့ပါ ကာထားလိုက် ။ ကိုယ်တော် အဲ့အသံတွေကို ကြားကိုမကြားချင်ဘူး ''

အိပ်ရာပေါ် သေရည်တွေကို မော့ချပြီး မျက်လုံးစုံမှိတ်အော်နေသည့်
မင်းသားကို ဂျယ်ဟာဂူ
စိတ်မသက်သာစွာကြည့်ပြီး ​မင်းသားပြောသည့်အတိုင်း ပြတင်းတံခါးကို အဝတ်တွေနှင့် ကာတော့သည်။

''ခလွမ် ''

ကုန်သွားတဲ့သေရည်အိုးကို လွှင့်ပစ်ပြီး လေးဘက်ကြီးထောက်ပြီး နောက်ထပ်သေရည်အိုးကို လိုက်စမ်းနေပြန်သည်။

ဂျယ်ဟာဂူ ဒူးထောက်ချပြီး မင်းသားရဲ့ လက်ထဲ သေရည်အိုးအသစ်ကို ထည့်ပေးလိုက်တော့ အငမ်းမရကို မော့ပြန်တော့သည် ။

ပုံပျက်ပန်းပျက်ဖြစ်နေသည့် မင်းသားကို ဂျယ်ဟာဂူမှာ နှမြောတသစွာသာ ထိုင်ကြည့်နေမိ၏ ။ သူ့မှာ မင်းသားကို တားနိုင်စွမ်းလည်း မရှိ ၊ ပျော်အောင်လုပ်နိုင်စွမ်းလည်းမရှိ ။

'' မင်းသား.. မင်းသားကို စောင့်နေတဲ့ နန်းတော်အပြင်က ကလေးတွေဆီ
မသွားချင်ဘူးလား ''

'' ဘယ်က ကလေးတွေလည်း ''

'' မင်းသား စာသင်ပေးတဲ့
ကလေးတွေလေ ''

'' အူဂျူးတို့ဆီလား ဒါပေါ့
သွားရမှာပေါ့ ''

'' သွားမယ်ဆိုရင် မင်းသား ဒီလိုမျိုး သောက်နေလို့မဖြစ်ပါဘူး ''

'' အာ..အင်း ဒါပေါ့ ငါကိုယ်တော်ကို တွဲပါဦး ဂျယ်ဟာဂူ ''

အသိဝင်လာသည့် မင်းသားကြောင့်
ဂျယ်ဟာဂူ ပြုံးပျော်ရွှင်စွာ မင်းသားကို ထိန်းကူပွေ့လိုက်သည် ။

'' မင်းသား အရင်ဆုံး ရေချိုးရပါမယ်''

'' မဟုတ်ဘူး ဂျယ်ဟာဂူ ''

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now