2

2.4K 422 89
                                    


''ဂျယ်ဟာဂူ.. နန်းတော်ထဲ
ဧည့်သည်တွေ ဝင်လာတာနဲ့ ဆက်ဆက် သတိပေးနော်''

ထိုအခါ ဂျယ်ဟာဂူက ခေါင်းကို ခပ်မြန်မြန်တချက်သာ ငြိမ့်ပြပြီး မျက်လုံးတွေက နန်းဆောင်အရှေ့လမ်းကို မျှော်ကြည့်နေပြန်၏။

နန်းတော်ထဲ ဝင်လာသမျှလူတွေကို လိုက်စုံစမ်း ၊ လိုက်ကြည့်ရှုနေသည့် မင်းသားယောင်း၏ အပြုအမူတချို့က
အရှင့်သားနှင့် တွေ့ပြီး မနေ့ကတည်းကဖြစ်၏ ။

အရှင့်သားရှေ့ကျ ဟေးဂူးပြည်က ကျဉ်းကျဉ်းလေးပါဆိုပြီး အထာကြီးနှင့် ပြောခဲ့ကာ အခုများတော့ နောက်တစ်ကြိမ် ထပ်တွေ့ချင်လို့ ဖြစ်ပျက်နေတာ  သူ မဟုတ်သည့်အတိုင်း ။

တခြားပြည်ကဟု ထိုအရှင့်သားဆိုခဲ့ပုံအရဆို နန်းတော်ထဲသို့ တစ်ခေါက်ဖြစ်ဖြစ် သေချာပေါက် လာမည်ဆိုတာကို ယောင်းက တွေးထားမိနှင့်ပြီးဖြစ်သည် ။

''မင်းသား.. အခုလေးတင် အရှေ့တံခါးကနေ လူအနည်းစု ဝင်လာတယ်ပြောပါတယ်''

ဂျယ်ဟာဂူဆီမှ အော်သံကြားသည့်အခါ မိမိနန်းဆောင်ရဲ့ ပြတင်းပေါက်ကြားလေးထဲကနေ ထိုလူများ လာသည့်အထိ ကုတ်ချောင်းချောင်းနှင့် ယောင်းက စောင့်ကြည့်သည်။

ခြေသံတွေ နီးလာသည့်အပြင် မျှော်နေမိသူ၏ ပုံရိပ်ကို ပြတင်းတံခါးကြားကနေ မြင်သောအခါ..

အချိန်ကိုက်ဆိုသလို ပြတင်းတံခါးကြီးကို ယောင်းက အရှိန်ဖြင့် တွန်းဖွင့်ပစ်သည်။

'ဝုန်း' ဟူသည့် အသံပြင်းပြင်းကြောင့်
လှည့်ကြည့်လာပါသည့် အရှင့်သားနှင့် သူ့လူများ။

အရှင့်သားနှင့် မျက်လုံးချင်းဆုံသည့်အခါ ယောင်းက မထင်မှတ်ပဲ တွေ့လိုက်ရသလိုမျိုး တအံ့တသြပုံစံလေး ဖမ်းသည်။

''ဟင်...''

သူ့ သရုပ်ဆောင်ချက်က ပီပြင်ပုံရ၏ ။
အရှင့်သားက မပီမပြင် ပြုံးသွားသည်လေ။

အရှင့်သား၏ အပြုံးက အစွမ်းထက်လွန်း၏ ။ ယောင်းမှာတော့  ကျောက်ရုပ်ကြီးလို ချက်ချင်း အေးခဲသွားရတော့တာ ။

လူကသာ အေးခဲနေတာ မျက်လုံးကတော့ အရှင့်သားဆီက တစက်မှမရွေ့မိနေ ။

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now