Intro

9K 920 121
                                    


2019 ခုနှစ် 11 လပိုင်း 20 ရက်နေ့..

ဆိုးလ်မြို့နယ်ရှိ ဂျူရီတရားရုံး ။

''တရားခံ ကင်မ်ထယ်ယောင်း
ဘာအတွက်နဲ့ တရားလို ဂျွန်ဂျောင်ကုကို သတ်ဖို့ကြံစည်ခဲ့တာပါလည်း''

တရားရုံးတစ်ခုလုံးကို ပဲ့တင်ထပ်သွားစေသည့် တရားလိုရှေ့နေရဲ့ အမေးကို ကင်မ်ထယ်ယောင်းက ချက်ချင်းမဖြေပဲ မဲ့ပြုံးတချက်ပြုံးသည်။

ပြီးကာမှ သူ့အား မျှော်လင့်တကြီး ကြည့်နေသည့် ဂျွန်ဂျောင်ကုဘက်သို​့ လှည့်လိုက်ကာ..

''ဒီအတိုင်း သူ့ကိုမြင်ရင်
ဘဝအဆက်ဆက်က
မုန်းနေခဲ့သလိုမျိုးမို့ သတ်ချင်တာ''

မာထန်ထန် ဤအသံက
'ဘဝအဆက်ဆက်' ဆိုသည့်
စကားလုံးတွင် ပိုပြီး ဖိပြောရာ..

လူအုပ်ကြီးရဲ့ အံ့သြတီးတိုးသံတွေမှာလည်း တပြိုင်တည်း ထွက်ကျလာရသည်။

ဘယ်လိုလူမျိုးက လူတစ်ယောက်ကို ခုနှစ်လွှာ တိုက်ပေါ်ကနေ တွန်းချပစ်ရတဲ့အထိ မုန်းတာရှိရမှာလည်းပေါ့ ။

သို့ပေမဲ့လည်း ကင်မ်ထယ်ယောင်းကို မကောင်းမြင်မခံနိုင်သည့် ဂျွန်ဂျောင်ကုဆိုသည့် အမျိုးသားမှာတော့ ထိုင်ရာကနေ ဝုန်းခနဲပင် ထရပ်ကာ..

"ကျွန်တော်ကိုယ်တိုင် တိုက်ပေါ်ကနေ ခုန်ချခဲ့တာလေ ကင်မ်ထယ်ယောင်း ။ ခင်ဗျားလက်နဲ့ တစက်တောင်မတွန်းချခဲ့ဘူးလေ''

ထိုငြင်းဆိူမှုကြောင့် တရားရုံးမှာ
ပိုပြီးဆူညံ လာရသည်။

သို့​ပေမယ့် ထိုဆူညံသံတွေကို
ရပ်တန့်စေသည်ကတော့
စကားတစ်ခွန်းတည်း ။

"လက်နဲ့မထိပဲ ငါ့အမုန်းတွေနဲ့ မင်းကို
သေစေချင်လို့ တွန်းချခဲ့တာလေ ။ ဒါပေမဲ့ ဂျွန်ဂျောင်ကု မင်းက တကယ်အသက်ပြင်းတာပဲ ။ အာ.. ငါသိပြီ ။ အခု ဒီတရားရုံးထဲမှာပဲ မင်းကိုငါ သတ်ပစ်လိုက်ရင်ရော! "

__________

"ဒီအကျည်းတန်လွန်းတဲ့
နေဝင်စအချိန်ကို သက်သေပြုပြီး
ငါ ဆုတောင်းမယ် ဂျွန် .....

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now