8

1.2K 289 54
                                    

ရက်တွေ ကြာမြင့်လာလေလေ ၊
အရှင့်သားရဲ့ လက်တွေကို
ထိကိုင်ရသည့် အကြိမ်အရေအတွက်တွေ များလာလေလေပင် ။

ယောင်း ဒီရက်ပိုင်း
သိပ်ကို ပျော်နေခဲ့သည် ။

တတ်သမျှ မှတ်သမျှနဲ့ အရှင့်သားဆီ
မုန့်တွေ သွားလုပ်ပို့ရတာရော ..၊

အရှင့်သားရဲ့ နောက်ကျောမှ
ဒဏ်ရာတွေကို ဆေးလိမ်းပေးရင်း
ပုခုံးစွန်းလေးတွေကို
ခိုးနမ်းခဲ့ရတာရော.. ၊

စ၍စ၍ အတောမသတ်နိုင်သည့်
ပျော်စရာတွေ ။

ကြာလာတော့ အရှင့်သားရဲ့
နန်းဆောင်လေးက သူတို့နှစ်ယောက်ရဲ့
သီးသန့်ကမ္ဘာလေး ဖြစ်လာခဲ့သည် ။

'' အရှင့်သား ငြင်းလိ​ု့မရပါဘူး ။ သမားတော်ကြီးရဲ့ ဆေးရည်ကို သောက်ကိုသောက်ရပါမယ် ''

'' ခါးတယ် ။ ကိုယ်တော် မကြိုက်ဘူး ''

'' အော်ဟော် မရပါဘူး
သောက်ကိုသောက်ရပါမယ် ''

'' ခါးတယ်လေ ယောင်းရာ ''

အလိုမကျသည့် မျက်နှာနှင့်
ကြမ်းပြင်ပေါ် ချထားသည့် ယောင်းရဲ့ လက်တစ်ဖက်ကို အရှင့်သားက
လက်ညိုးနှင့် ပွတ်သပ်လာသည် ။

ယောင်း လန့်သွားရကာ ချက်ချင်းပင် လက်ကို ပုတ်ထုတ်ပစ်တော့
အရှင့်သားက ညစ်တစ်တစ်နှင့် ဖမ်းချုပ်ထားကာ လွှတ်မပေး ။

တိုးကြိတ်ကြိတ်လေး အသိပေးရသည်။
သမားတော်ကြီးတစ်ယောက်လုံး
ရှိနေတာတောင် အရှင့်သားဟာ
မဆင်မခြင်။

''လွှတ်ပေးပါ ''

တောင်းဆိုတော့လည်း ပြုံးစစနှင့် လက်ကို လွှတ်ပေးရှာသည် ။
အရှင့်သားက တခါတလေ
နားလည်ရခတ်သည် ။

'' တစ်နေ့ ကိုယ်တော်နဲ့အတူ ဆည်းဆာ နေဝင်ချိန်ကို
ကြည့်ကြမလား ''

'' နေဝင်ခါစအချိန်လား ''

'' အင်း ၊ ကိုယ်တော်တိ​ု့နှစ်ယောက် စတွေ့တဲ့အချိန်လေ ''

ယောင်း မျက်နှာလေးတွေရဲသွားသည်။

'' မှတ်မိတယ်လား ''

'' အမြဲတမ်း မှတ်မိနေတာပါ ''

ချစ်ခြင်းတွေ ပြည့်သိပ်လာရင် စကားလုံးတွေ ရှာမတွေ့တော့တာ
ဖြစ်နိုင်သည် ။ အခုလည်းကြည့်
သူတို့နှစ်ယောက်ကြား
တိတ်ဆိတ်သွားသည်လေ။

နေတရီပုံပြင် (Naytayi Story)Där berättelser lever. Upptäck nu