7

1.3K 277 31
                                    

ကောင်းကင်မှ
လမင်းကြီးကို ငေးကြည့်ရင်း..

ကိုယ့်နှုတ်ခမ်းကို လက်ဖျားလေးနှင့် ပွတ်သပ်နေသည့် ယောင်း ။

အိမ်မက် မဟုတ်ဘူး ။ ဒီနှုတ်ခမ်းက
တကယ်ကို အရှင့်သားနဲ့ နမ်းခဲ့တာ။

မငြိမ်နေတဲ့စိတ်ကြောင့် အိပ်လို့လည်းမပျော်တော့ ။ သို့အတွက် ပြတင်းတံခါးနား သွားမည်ပြင်တော့ သူ့ဘေးနား ငုတ်တုတ်ကြီး ငိုက်နေသည့် ဂျယ်ဟာဂူကိုတွေ့သည် ။

အဲ့ညစျေးပွဲက ပြန်လာကတည်းက မိမိကို တစ်ချိန်လုံး အရိပ်တကြည့်ကြည့်လုပ်နေခဲ့တာ မဟုတ်ပါလား ။ သိပ်ပင်ပန်းနေရောပေါ့ ။

ခန္ဓာကိုယ်ကြီးကို ကြမ်းပြင်ပေါ်တွန်းလှဲပြီး ခေါင်းအုံးလည်းခုပေးကာ စောင်လည်းခြုံပေးလိုက်သည်။

ပြတင်းတံခါးနားရောက်တော့ အရှင့်သား၏ နန်းဆောင်လေး မီးလင်းနေဆဲဖြစ်တာကို လှမ်းမြင်ရသည် ။

မနက်ရောက်ရင် ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အရှင့်သားကို ကျွန်တော်မျိုး ရအောင်ပြုစုပါမယ် ။

ဒီညတော့ အရှင့်သားကို
ဒီလိုမျိုး အဝေးကနေပဲ ငေးရင်း
အချိန်တွေကုန်ဆုံးပါဦးမယ် ။

-

''မင်းသားယောင်းက
အရှင့်သားရဲ့ နန်းဆောင်ရှေ့မှာ နှင်ထုတ်လည်းမရပဲ ပေတေရပ်နေပါတယ် ''

တပ်မှူးတစ်ယောက်၏ သတင်းပေးသံက လက်ဖက်ရည်ပွဲကို အေးချမ်းစွာ သုံးဆောင်နေတဲ့ မင်းကြီးနှင့် မိဖုရားကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။

''မင်းကြီး ထုတ်ထားတဲ့အမိန့်ကို သူတစ်ယောက်ပဲ မသိသေးတာလား ''

မိဖုရားကြီးက အသံမာမာနှင့် အမေးပြုသည်။

တပ်မှူးကတော့ သူ့အပြစ်မရှိအောင် ပျာပျာသလဲ လျှောက်တင်ပါတော့၏။

''ကျွန်တော်မျိုး ပြောပါတယ် ။ ဒါကို မင်းသားယောင်းက ပေတေပြီးကို ရပ်နေတာပါ ။ အရှင့်သားကို ကြည့်ချင်ရုံပါတဲ့ ''

မင်းကြီး၏ မျက်ခုံးတွေက
အလိုမကျမှုဖြင့် ပင့်တက်သွားပြီး
''သွားလို့ရပြီ'' ဟု တပ်မှူးအား အမိန့်ပေးသည် ။

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now