5

1.4K 298 48
                                    

''အရှင့်သား
မယ့်မယ့်ဆီက စာလာပါတယ်''

အလောတကြီးပြေးဝင်လာတဲ့ တပ်မှူးမင်ကို သူလှမ်းဟန့်လိုက်သည်။

''စားပွဲပေါ်ပဲ ထားခဲ့လိုက်''

တပ်မှူးမင်ထားခဲ့တဲ့ စာအိတ်ကို ဖွင့်ဖောက်ဖို့ရာ အရှင့်သားမှာ အတော်လေးကို စိတ်လေးနေမိ၏။

မယ်မယ်က သူ့ကို ဘာတွေများ
ဖိအားပေးဦးမလို့လည်း ။

''အရှင့်သား.. ဟေးဂူးပြည်ရဲ့
အိမ်ရှေ့စံမင်းသမီးနဲ့ ဖြစ်နိုင်ရင်
အမြန်ဆုံး လက်ဆက်စေချင်တယ် .. မင်းကြီးရဲ့ အခြေအနေက
ပိုပိုဆိုးဝါးလာပြီ.. သားဘက်က
အခုကတည်းက နန်းတက်ဖို့ အစစအရာရာ ပြင်ဆင်ထားလိုက်.. ''

သက်ပြင်းအရှည်ကြီးချမိသွားသည်။ သည်လိုဆို အချိန်ကသိပ်မကျန်တော့ဘူးပဲ ။

''တပ်မှူးမင်.. ကိုယ့်တော့်အတွက်
သေရည်တစ်ပုလင်းလောက်
ယူခဲ့ပါဦး ''

မကြာလိုက် သေရည်ပုလင်းကို ကိုင်ပြီး အထဲဝင်လာသည်။

''အရှင့်သား မယ်မယ်က
တာဝန်တွေ ထပ်ပေးပြန်ပြီလား ''

''ပျောက်နေတဲ့ အဲ့ဒီအိမ်ရှေ့စံဆိုတဲ့
လူကို ငါတို့ဘက်က အရင်ရှာပြီး
သတ်ပစ်မှဖြစ်မယ်''

''ခက်တာက အဲ့အိမ်ရှေ့စံကို ဘယ်သူမှ ကောင်းကောင်းမွန်မွန် မမြင်ဖူးတာပဲ''

''သေချာပေါက်ကတော့
သူက ဒီနန်းတော်ထဲမှာပဲ''

''အရှင့်သား အဲ့လိုထင်မိတယ်လား''

''ထင်တာမဟုတ်ဘူး
သေချာပေါက်ကိုရှိနေတာ ''

သေရည်ကိုတစ်ကျိုက်မော့ပြီး မွန်းကျပ်နေသော အသံဖြင့် အရှင့်သားက ဆိုသည်။

ခက်ခဲမှာပဲ.. လူချင်းတောင်မတွေ့ဖူးတဲ့ သွေးသားအရင်းအချာတစ်ယောက်ကို သတ်ပစ်ရမှာမဟုတ်ပါလား ။

''ကဗျာစာအုပ်နဲ့ စုတ်တံ
ဘယ်မလည်း ယူလာခဲ့စမ်း.. ''

မူးမူးနှင့် ရမ်းသမ်းအော်ဟစ်နေ၏။

တပ်မှူးမင်ကတော့ အသာအယာပင် စုတ်တံ ၊ စာအုပ်နှင့် မှင်အိုးကိုပါ အရှင့်သား ဘေးနား ထားပေးလိုက်သည်။

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now