4

1.8K 327 45
                                    

''အရှင့်သား အထဲမှာ ရှိသလား''

''ရှိ..ရှိပေမယ့် မင်းကြီးက ဘယ်သူ့ကိုမှ''

တံခါးရှေ့ ပိတ်ကာနေသည့် အထိန်းတော်ကြီးက သူတို့ဘုရင်မင်းမြတ်ရဲ့ အမိန့်ကို မတွန်းလှန်နိုင်သည့်ဟန် ။

မင်းသမီးဆယ်မူကို ကြောက်ရွံ့ပေမဲ့လည်း အတင်းငြင်းဆန်နေခဲ့သည်။

''ငါက တံခါးကို ဖွင့်စမ်းဆို ဖွင့်လိုက်''

ပေကပ်ပြီး ခေါင်းခါငြင်းနေမြဲပဲ ။

စိတ်မရှည်စွာနှင့် အထိန်းတော်ကြီးကို တွန်းဖယ်ပြီး အထဲကို ဝင်သွားတော့   ရဲမက်သုံးယောက်က ဆယ်မူ လည်ပင်းကို ဓားဖြင့်လှမ်းဟန့်သည် ။

ရုန့်ရင်းဆန်ခတ်အခြေအနေတွေကို ကြားမှ တိုင်းရေးပြည်ရေး နှီးနှောဆွေးနွေးနေကြသည့် မင်းကြီးနှင့် အရှင့်သားက ခေါင်းလှည့်လာခဲ့သည် ။

ဖရိုဖရဲ ဖြစ်နေသည့် ဆယ်မူကတော့ သူတို့ဘက်ကို ခက်ထန်စွာ စိုက်ကြည့်နေခဲ့၏။

''ရပ်လိုက်စမ်း မင်းတို့က အခု
ဘယ်သူ့ကို ဓားနဲ့ ရွယ်နေတာလည်း''

ဟိန်းဟောက်အမိန့်တွေ ပေးပြီး ကြမ်းပြင်ပေါ်က ဆယ်မူကို အရှင့်သားက ဂရုတစိုက်ပွေ့ထူသည် ။

မင်းကြီးကတော့ သူ့သမီးကို ကြင်နာလွန်းသည့် သမက်တော်ကို သဘောတွေ့နေတော့၏။

''ခမည်းတော် နောက်နှစ်ပတ်အတွင်း သမီးတော်ရဲ့ မင်္ဂလာပွဲကို စီစဥ်မယ်ဆို... ဘယ်လိုများ လုပ်ရက်ရတာလည်း..သမီးတော်ကို တစ်ခါမှ မတိုင်ပင်မမေးမြန်းပဲနဲ့လေ.. ''

''ဘာမေးမြန်းစရာရှိလို့လည်း.. သမီးတော်ကို ဒီလောက်ချစ်မြတ်နိုးတဲ့ ခင်ပွန်းလောင်းကို ထပ်တွေ့နိုင်ပါ့မလား.. သိပ်အမြင်ကျဥ်းလွန်းမနေနဲ့ ဆယ်မူ''

''အမြင်မကျဥ်းလို့ပဲ ပြောရမှာ ခမည်းတော်.. သမီး ဒီအရှင့်သားကို လက်မထပ်နိုင်ဘူး ဘယ်တော့မှပဲ''

'' ဆယ်မူ... တော်သင့်ပြီ !! ''

တသက်နဲ့တကိုယ် တစ်ခါမှ
စိတ်မဆိုးဖူးတဲ့ ခမည်းတော်က
အော်သည်ဆိုတော့ ဆယ်မူမှာ မျက်ရည်တွေပင် ဝဲလာတော့သည် ။

နေတရီပုံပြင် (Naytayi Story)Where stories live. Discover now