-Final-

2K 174 38
                                    

Unicode

ကိုယ့်crushက ကိုယ့်ကိုပြန်ချစ်လာနိုင်မယ့်ရာခိုင်နှုန်းက အရမ်းကိုနည်းပါတယ်။ ဒါပေမဲ့ အဲဒီcrushက အစောကြီးတည်းက ကိုယ့်ကိုပြန်crushနေခဲ့တာဆိုရင်တော့...

" Vegasရာ...ကလေးတွေအိတ်က ဒီလောက်ပဲ ပြန်တွေ့တယ်။ ​ပေါ​က်ပြီး အထဲကပစ္စည်းတွေတစ်စစီထွက်ကျနေတဲ့အိတ်တွေကတော့ သယ်မလာခဲ့တော့ဘူး။ လောလောဆယ် ဒီတွေ့သလောက်ကိုပဲ ကလေးတွေဆီ ပြန်ပေးရအောင် "

" အင်းပါ...အဲဒါ ငါ့တာဝန်ထားလိုက် "

Maxရဲ့စကားကို ခေါင်းငြိမ့်ထောက်ခံပြီးပြီးချင်း ကျွန်တော့်မြင်ကွင်းထဲ တန်းဝင်လာတာက နက်ပြာရောင်အိတ်တစ်လုံး။ အဲဒီအိတ်ရဲ့ပိုင်ရှင် ဘယ်သူလဲဆိုတာ ကျွန်တော်အသိဆုံးပဲ။

ပြောရရင် ဒီနောက်ပိုင်း အိတ်ပိုင်ရှင်လေးက ကျွန်တော့်ကို ရှောင်ရှောင်နေတယ်။ အကြောင်းအရင်းကို ကျွန်တော်မသိဘူး။ ကျွန်တော်သိတာတစ်ခုက အဲဒီအတိုင်းသာဆက်သွားရင် ကျွန်တော်တို့ စိမ်းသည်ထ​က် စိမ်းသွားကြတော့မှာ။ တကယ်တော့ ကျွန်တော့်ဘက်က လိုအပ်ချက်ရှိနေတာ။ ရည်းစားတွေ သုံးလေးယောက်မက ထားခဲ့ဖူးတဲ့ကျွန်တော်က သူနဲ့ကျမှ ပထမဆုံးအကြိမ်အဖြစ် သူရဲဘောကြောင်တတ်သွားတယ်။ သူ့ရှေ့ရောက်ရင် သတ္တိတွေပျောက်ကုန်တာတော့ ကျွန်တော်ကိုယ်တိုင်လဲ တားမရဘူး။ သူ ဘတ်စကတ်ဘောclubမှာ နာမည်စာရင်းလာသွင်းတဲ့နေ့, ကျွန်တော် သူ့အပြုံးတွေနဲ့ ရယ်သံကျယ်တွေထဲ ကျရှုံးစပြုလာတဲ့ အဲဒီနေ့ကတည်းက သူနဲ့ပတ်သက်ရင် ကျွန်တော် တစ်နေ့တခြား သတ္တိတွေနည်းလာသလိုပဲ။ ကျွန်တော် သူနဲ့ ပထမဆုံးအကြိမ် နီးနီးကပ်ကပ်ရှိမိတဲ့ အခိုက်အတန့်ကိုပြန်ပြောပြရရင် အသင်းဝင်ဂျူနီယာတွေနဲ့ ဘတ်စကတ်ဘော စ လေ့ကျင့်တဲ့ရက်ကိုပြောရမှာပဲ။ အဲဒီနေ့က ကစားနေတဲ့တစ်လျှောက်လုံး ကျွန်တော့်စိတ်ထဲ သူ့ဆီ ဘယ်လိုစကား စ ပြောရမလဲဆိုတာပဲ တွေးနေခဲ့မိတာ။ အဲဒီအချိန် သူ ရုတ်တရက်ကြီး မှောက်လဲသွားတော့, ကျွန်တော် ပြာသွားတယ်။

" လာ ညီ "

ကျွန်တော် သူ့မျက်လုံးတွေကို ခိုးငေးနေတဲ့အချိန်, သူကလဲ ကျွန်တော့်ကို ကြောင်အအနဲ့ စိုက်ကြည့်နေခဲ့တာ။ အခုမှမြင်ဖူးတဲ့စီနီယာမို့ဖြစ်ပါလိမ့်မယ်။

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now