-၁-

4.5K 246 31
                                    

Unicode

အသည်းလေးဟာ ဟောဟိုကလှိုင်းလုံးတွေလို တစ်စစီတစ်စစီ

" အား!!! "

" မင်းမေ...ဘာ ထ ဖြစ်တာလဲ? "

" ငါ့အိတ်! ငါ့အိတ်! ကုန်ပါပြီ! ကုန်ပြီ! အား ဟား ဟား!! "

အိတ်ကို တ ရင်း အသံပြဲနဲ့ ထ ငိုမိတော့ အရှေ့မှာထိုင်နေတဲ့Porscheက အဖြစ်သည်းလိုက်တာဆိုတဲ့မျက်နှာထားနဲ့ မျက်စောင်းလှမ်းထိုးတယ်။ အဲ့ကောင်နားမလည်ဘူး။ အဲဒီအိတ်က ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးမှန်း အဲ့ကောင်နားမလည်ဘူး။ အဲဒီအိတ်က ကျွန်တော့်ရဲ့ခရီးဆောင်အိတ်။ ခြေအိတ်ကအစ ဦးထုပ်အဆုံး ခေါင်းအစ ခြေအဆုံး သက်ဆိုင်တဲ့ပစ္စည်းတွေ အားလုံးအားလုံးထည့်ထားတဲ့အိတ်။ အခု အဲဒီအိတ်ကြီးပျောက်သွားပြီတဲ့။ ဒီကိစ္စမှာ ဗြုန်းစားကြီး မြေ ထ ပြိုတဲ့ တောင်ကုန်းကိုပဲအပြစ်တင်ရမလား ၊ အနှစ်နှစ်အလလအောင့်အည်းထားတဲ့ အင်အင်းတွေကို အားနဲ့အင်နဲ့ တဗျစ်ဗျစ်ပါလိုက်သလို ဗြဲခနဲ မစဲတမ်းရွာချလာတဲ့ ကိုရွှေမိုးကိုပဲ အပြစ်ဖို့ရမလား ကျွန်တော်မသိ။ ဘာပဲဖြစ်ဖြစ် သင်းတို့သင်းတို့ကြောင့် ကျွန်တော့်အိတ်ကြီးပျောက်သွားရတယ်ဆိုတာတော့ အမှန်ပဲ။

ပျောက်တာလဲ ပျောက်ပြီးနေပြီဆိုတော့ လောလောဆယ် ကျွန်တော်ဆုတောင်းမိတာဆိုလို့ တစ်ခုတည်း။

" တစ်ခါတည်း ပင်လယ်ထဲကို မျောသွားပါစေ "

ဒီဆုတောင်းလေးတော့ ပြည့်မှဖြစ်မယ်။ မဟုတ်လို့ အဲဒီအိတ်ကို တစ်ယောက်ယောက်ကရှာတွေ့သွားပြီး ဖွင့်ကြည့်မိရင်...။

" အား!!! "

" တော်တော့ Ai'Pete...မင်းလုပ်နေတာ ငါနားကွဲတော့မယ်။ ဘာဖြစ်နေတာလဲ? အိတ်ထဲမှာ ပိုက်ဆံဘယ်လောက်တောင်ပါသွားလို့လဲ "

" အိတ်ထဲမှာ...အိတ်ထဲမှာ "

အိတ်ထဲမှာ ဘာပါလဲဟုတ်လား?
အဲဒါကိုသိချင်ရင် ဟိုးအရှေ့ကိုနည်းနည်းလေးရစ်ကြည့်လိုက်။

<< လွန်ခဲ့တဲ့နာရီဝက်ခန့်

" ညီတို့ ညီမတို့...ဒီမှာ အန္တရာယ်များလာပြီ။ အစ်ကိုတို့တွေ မနေ့ကလူစုခဲ့တဲ့ရွာဘုန်းကြီးကျောင်းဆီပြန်သွားမှရမယ်။ အဲဒီမှာဆို လွတ်တယ်ပြောတယ်။ မနေ့က ခွဲပေးထားတဲ့အုပ်စုအတိုင်း တစ်စုဆီသွားကြမယ်နော်။ အုပ်စုAက P'Ohနဲ့လိုက်သွားကြ ၊ ပြီးတော့ အုပ်စုBက... "

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now