-၄-

1.4K 165 68
                                    

Unicode

ကံတရားက သိပ်ပလေးတယ်

ကိုယ့်ရဲ့crushက ကိုယ့်ကိုပြန်ချစ်လာနိုင်မယ့်ရာခိုင်နှုန်းက အရမ်းကိုနည်းပါးတယ်တဲ့။ ဒါ ကျွန်တော်ကြားဖူးခဲ့တဲ့အမှန်တရားတစ်ခု။ ဒါပေမဲ့ အဲဒီအမှန်တရားက လူတိုင်းအတွက်ဟုတ်ချင်မှဟုတ်မယ်။ ကံတရားသာ ကိုယ့်ဘက်မှာပါနေရင် အမှိုက်ကောက်သမားတောင် သိန်းဆုပေါက်တဲ့ထီလက်မှတ်ကြီး ကောက်ရနိုင်သေးတာပဲမဟုတ်လား။

အခုဆိုလဲ ပြောရရင် ကံတရားက ကျွန်တော့်ဘက် ပါချင်ချင်ရယ်။ P'Vegasက ကျွန်တော်နဲ့ ဘတ်စကတ်ဘောအသင်းဝင်ချင်း တူရုံတင်မဟုတ်ဘူး။ အားကစားသိပ္ပံမေဂျာချင်းပါ တူနေတာ။ နောက်ပြီး P'Vegasက single။ ကျွန်တော်ကလဲ ရေမရောတဲ့single။ P'Vegasက နယ်ဝေးကလာတဲ့ အဆောင်သား။ ကျွန်တော်ကလဲ နယ်ကတက်လာတဲ့အဆောင်သား။ P'Vegasက ဘယ်သန်တစ်ယောက်။ ကျွန်တော်ကလဲ ဘယ်ကျော်တစ်ယောက်။ P'Vegasက အနီးမှုန်လေးတဲ့။ ကျွန်တော်လဲ အသက်ကြီးလာရင် မှုန်သွားတော့မှာ။ ကြည့်...ကျွန်တော်တစ်ယောက်တည်း သုံးလေးရက်လောက် ရှာဖွေလိုက်တာတောင် တူတာတွေဒီလောက်ထွက်လာတာ။ ကံတရားက သေချာပေါက်ကို ကျွန်တော့်ဘက်မှာရှိနေတာပဲ။

" Ai'Pete "

အခုမှ canteenထဲလျှောက်ဝင်လာတဲ့Porscheက ထုံးစံအတိုင်း လူမရောက်ခင် အသံကအရင်ရောက်လာတယ်။

" ဟေး "

ကျွန်တော် သူ့ကို လက်လှမ်းပြလိုက်ရင်း လောလောဆယ် ကျွန်တော်တစ်ယောက်တည်း Rad Naထိုင်စားနေတဲ့စားပွဲကို ဟိုဟိုဒီဒီ နည်းနည်းရှင်းလိုက်တယ်။ သုံးပြီးသားတစ်ရှူးစတွေကို စားပွဲအောက်က အမှိုက်ပုံးထဲထည့်ပြီးပြီးချင်း Porscheက ကျွန်တော့်ရှေ့ခုံမှာ ဝင်ထိုင်လာတယ်။

" အသင့်ပဲလား "

" ခဏလေး "

ကျွန်တော် သူ့ကို လက်တစ်ဖက်ကာပြလိုက်ပြီး အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်တယ်။ ပြီးတော့မှ...

" ဟူး~ ရပြီ ပြောတော့ "

Porscheက သူ့ရဲ့P'Kinnဆီကနေ P'Vegasအကြောင်း သတင်းနှိုက်လို့ရသမျှတွေကို ကျွန်တော့်ဆီ အိတ်သွန်ဖာမှောက်အကုန်ပြောပြတော့တာပဲ။ ဆယ်ငါးမိနစ်ကျော်ကျော်လောက် ဆက်တိုက်ပြောပြီးသွားတော့ သူ နည်းနည်းမောလာတဲ့ပုံပဲ။ ကျွန်တော့်ရှေ့က နဂါးမောက်သီးဖျော်ရည်ခွက်ကို ခပ်တည်တည်နဲ့ ကောက်မော့တယ်။ ကျွန်တော် နည်းနည်းတော့တစ်မျိုးဖြစ်သွားပေမဲ့ သူက ကျွန်တော့်သူငယ်ချင်းမို့ ဘာမှတော့စိတ်ထဲမထားမိပါဘူး။ တကယ်ပြောတာပါ။

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now