-၆-

1.3K 151 51
                                    

Unicode

လိပ်ပြာလေး ကလူကလူ (အပိုင်း ၂, ၃, ၄,..., ဇာတ်သိမ်းပိုင်း)

အဲဒီနေ့ပေါ့။
P'Vegas ကျွန်တော့်ကို စကားအရင် စ ပြောလာတဲ့ အဲဒီနေ့က ကျွန်တော် အပျော်တွေလွန်ပြီး ရူးနှမ်းနှမ်းလုပ်ရပ်တစ်ခုကို အစပျိုးမိသွားတယ်။

ဒိုင်ယာရီ။
ဒီအသက်အရွယ်အထိ တစ်ကြိမ်တစ်ခါမှ ဒိုင်ယာရီမရေးခဲ့ဖူးတဲ့ကျွန်တော်က အခုကျမှ P'Vegasကြောင့်နဲ့ မလုပ်စဖူးတွေ လုပ်မိကုန်တယ်။ P'Vegasပေးလာတဲ့ ရင်ခုန်စရာအမှတ်တရတွေအတွက်...ဆိုပြီး ကနဦးရည်ရွယ်ခဲ့တဲ့ အဲဒီစာအုပ်က ပထမနှစ်ဝက်ကုန်ခါနီးရောက်လာတော့ စာမျက်နှာအလွတ်တွေ တဖြေးဖြေးနည်းနည်းလာတယ်။ ပထမနှစ်ဝက်အကုန် ကျောင်းနှစ်လပိတ်ပြီးလို့ ဒုတိယနှစ်ဝက် ပြန် စ ေတာ့ မှင်တင်ဖြစ်တဲ့ စာရွက်အရေအတွက်က တဖြေးဖြေးကျဲလာပေမဲ့, စာအုပ်ကတော့ ကုန်လုဆဲဆဲဖြစ်လာတယ်။

ဒုတိယနှစ်ဝက်ရဲ့စာမေးပွဲတွေနီးလာတော့, စာတွေကပေးတဲ့ stressအပြင် ၊ P'Vegasကြောင့်ရတဲ့ stressတွေနဲ့ပါပေါင်းပြီး ကျွန်တော် ၂ရက်လောက်ဖျားသွားသေးတယ်။ တကယ်တမ်းကျ crushဆိုတဲ့အမျိုးက ကောင်းကျိုးကိုမပေးတာဗျ။ ကိုယ့်ဘက်က မျှော်လင့်ချက်တွေ တနင့်တပိုးနဲ့ တိတ်တဆိတ်ရင်ခုန်ခဲ့ရတဲ့အဖြစ်အပျက်တွေက တကယ်တမ်း တစ်ဖက်လူအတွက်ကျ ဘာမှအရေးပါမနေတဲ့ သာမန်ဖြစ်ရိုးဖြစ်စဥ်တွေဖြစ်နေတဲ့အခါ ဝမ်းနည်းပြီး မခံချိမခံသာဖြစ်ရတယ်မဟုတ်လား။ ကျွန်တော်လဲ အဲဒီလိုပဲ။ အဲဒီလိုခံစားလာရပြီးနောက်ပိုင်း ကျွန်တော့်ရဲ့ဒိုင်ယာရီစာမျက်နှာတွေ​က အရှေ့ပိုင်းစာမျက်နှာတွေနဲ့ ဆန့်ကျင်ဘက်တွေဖြစ်ကုန်ပြီး ၊ P'Vegasကို antiထားတဲ့စာမျက်နှာတွေဖြစ်လာတယ်။

crushခံလူတန်းစားတွေက crushနေရာကနေ နန်းကျသွားတဲ့အခါ အနည်းနဲ့အများတော့ သူတို့ကိုcrushခဲ့တဲ့လူတွေရဲ့တံတွေးခွက်ထဲ မှောက်ရက်လေး မျောရတော့တာမဟုတ်လား။

Instagram

Peteeeeee.eeee

sent a photo

ကြည့်...သူ မနေ့ညကတင် profileချိန်းထားတာ။ မျက်နှာကိုများ ဘေးတစောင်းပုံရိုက်ထားသေးတယ်။ သူ့side profileကို ကြည့်လို့ကောင်းတယ်ဆိုပြီး ဘယ်သူမြှောက်ပေးလိုက်လဲမသိဘူး အံ့ပါရဲ့

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now