-၂-

2K 172 20
                                    

Unicode

ဇာတ်လမ်းလေးက ဒီလို စ တယ်

လွန်ခဲ့တဲ့တစ်နှစ်ဝန်းကျင်ရဲ့ နေသာတဲ့နေ့လေးတစ်နေ့မှာပေါ့...

အဲဒီနေ့က ကျွန်တော် ဘတ်စကတ်ဘောကွင်းထဲ ချော်လဲတယ်။ ပထမနှစ်လဲဖြစ် ၊ ကေ​ျာင်းတက်တာကလဲ တစ်ပတ်ကျော်ကျော်ပဲရှိသေးတော့ ကွင်းထဲမှောက်ရက်ကြီးဖြစ်နေတဲ့ကျွန်တော် ကိုယ့်ကိုကိုယ်ရှက်လွန်းလို့ တော်တော်နဲ့ခေါင်းပြန်မထောင်နိုင်ဘူး။ ကံကောင်းတာက အဲဒီတုန်းက ကျွန်တော်နဲ့Porscheက နည်းနည်းရင်းနှီးနေပြီ။ ကွင်းဘေး ထိုင်ခုံတန်းတွေထဲကတစ်ခုံမှာထိုင်နေတဲ့Porscheက ကျွန်တော့်ကို လာထူဖို့ထင်တယ်။ ​ဗြုန်းခနဲ ထ ရပ်လိုက်တယ်။

အလကားပါ! အဲဒါ ကျွန်တော်အတွေးမှားသွားတာ။ တကယ်တော့ သင်းက စပ်ဖြီးဖြီးမျက်နှာကြီးနဲ့ ကွင်းထဲကထွက်လာတဲ့စီနီယာတစ်ယောက်ကို ရေဘူးသွားကမ်းနေတာ။

" အောင်း? ငနာ! "

ဒါက ကျွန်တော့်အတွက်တော့ Porscheကို ပထမဆုံးအကြိမ်ဆဲရေးဖူးခြင်းပဲ။ ဝီစီသံတစ်ချက်ထွက်လာတော့ ရင်ဘတ်နဲ့ တစ်ပြေးတည်းကပ်နေတဲ့ သံမံတလင်းကြမ်းပြင်ပေါ် ခြေထောက်တွေအများကြီး တရုန်းရုန်းဖြတ်လျှောက်သွားကြတယ်။ ဒီမြင်မကောင်းတဲ့အခြေအနေကြီးကို ကိုယ့်ဘာသာပြန်ပြင်ဖို့ကြံရင်း ကုန်းရုန်း ထ ဖို့လုပ်နေတုန်း ဖြူသန့်သန့်လက်တစ်စုံက ကျွန်တော့်မျက်နှာနားရောက်လာတယ်။

" လာ ညီ "

လက်ပိုင်ရှင်ရဲ့အသံက ဩရှမှုထဲ ချိုမြမှုတွေ ရောယှက်နေတာပဲ။ ညီလို့ခေါ်ပုံအရတော့ ကြည့်ရတာ ကျွန်တော့်ထက်အတန်းကြီးတဲ့စီနီယာတစ်ယောက်ပဲဖြစ်ရမယ်။ ကျွန်တော့်အသက်၁၇နှစ်ကျော်ကာလအတွင်း တစ်ခါမှမကြားခဲ့ဖူးတဲ့ ဒီထူးခြားတဲ့အသံပိုင်ရှင်ရဲ့မျက်နှာဆီ ကျွန်တော်မော့ကြည့်လိုက်တော့...ဝေါင်း!! အဲဒီမှာ သွားတာပဲ! နှစ်အတော်ကြာငြိမ်းချမ်းရေးရနေခဲ့တဲ့ ကျွန်တော့်ရဲ့နှလုံးသားလေးက အဲဒီအခိုက်အတန့်မှာတင် စစ်ပွဲတွေ စ တော့တာပဲ။

" အဆင်ပြေရဲ့လား? "

စီနီယာအစ်ကိုက ကျွန်တော့်ကို ဆွဲထူပြီးပြီးချင်း လှမ်းမေးလာတယ်။ သူ့ကိုကြည့်ရင်း ကြက်သေသေနေတဲ့ကျွန်တော့်မျက်နှာကြောင့်ဖြစ်လိမ့်မယ်။

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now