-၇-

1.2K 153 16
                                    

Unicode

ေသာက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ

ဘာပဲဖြစ်ဖြစ် ကေ​ျာင်းပြန်ဖွင့်ပြီဆို သွားတက်ရမယ့်တာဝန်ကတော့ ရှိသေးတယ်မဟုတ်လား။ ဒါပေမဲ့လဲ ကံတရားက ကျွန်တော့်ဘက် အရမ်းပါလွန်းနေတော့ ဒုတိယနှစ်တက်ဖို့ စာရင်းသွားသွင်းတဲ့နေ့မှာတင် ကျောင်းသားရေးရာရှေ့မှာ P'Vegasနဲ့ ဝင်တိုက်မိတယ်။ အရှိန်နည်းနည်းပါသွားတာမို့ P'Vegasရဲ့လက်ထဲက iced Americanoဘူးက ကြမ်းပြင်ပေါ် ဘုတ်ခနဲ။

" ဆောရီး အစ်ကို "

" ရတယ် ရတယ်။ ပြပါဦး...ကော်ဖီတွေပေသွားသေးလား? "

P'Vegasရဲ့ မျက်မှန်အောက်က မျက်လုံးကျဥ်းတွေက ရှင်းလင်းနေတဲ့ ကျွန်တော့်ရဲ့ရှပ်အက်ျီနဲ့ ဘောင်းဘီတွေဆီ အထပ်ထပ်အခါခါစစ်ဆေးလာတယ်။ ဒါပေမဲ့လို့ သူဝတ်လာတဲ့ အနက်ရောင်စတိုင်ပန်အောက်နားက ကော်ဖီစက်တွေကိုတော့ တစ်ချက်တောင် ငုံ့မကြည့်ခဲ့ဘူးပဲ။ အနက်ရောင်ပေါ် အနက်ရောင်စွန်းထင်သွားတာမို့ သတိမထားမိတာပဲဖြစ်မှာပါ။ ဒါပေမဲ့ အပေါ်ပိုင်းက အဖြူရောင်ရှပ်အပွပေါ် ကော်ဖီစက်တွေ စင်မသွားလို့ ကျွန်တော် သက်ပြင်းကြိတ်ချမိသေးတယ်။ အဖြူရောင်ရှပ်အက်ျီလက်ရှည်ကို တံတောင်နားအထိ လက်ခေါက်တင်ထားပြီး ၊ အနက်ရောင်စတိုင်ပန်နဲ့တွဲဝတ်ထားတဲ့ P'Vegasရဲ့ပုံက အရမ်းကိုသန့် ဟင့်အင်း ဟင့်အင်း။ ငါ ဘာတွေဖြစ်နေတာလဲ?

P'Vegasကိုကျော်ပြီး ကျောင်းသားရေးရာထဲ ကမန်းကတန်းဝင်ချလိုက်တော့ အဲဒီမျက်မှန်အောက်ကမျက်လုံးတွေက ကျွန်တော့်နောက်ကပ်ပါလာတာ ကျွန်တော်သတိထားမိလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် အဲဒါကို စိတ်ထဲထားနေလို့မဖြစ်ဘူး။ စိတ်ထဲထားမိရင် အထင်တွေမှားပြီး တစ်လွဲမျှော်လင့်ချက်တွေထားမိနိုင်တယ်။ P'Vegasက ကျွန်တော့်ကို တမင်မျှော်လင့်ချက်တွေပေးပြီး နှိပ်စက်နေတာ။ ကျွန်တော် ဆက်ပြီး အဲဒီလိုအဖြစ်မခံတော့ဘူး။

ကျောင်းကိစ္စအားလုံးပြီးလို့ အဆောင်ပြန်ရောက်တော့, အခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း။ Porscheက ကေ​ျာင်းဖွင့်ဖို့၂ရက်အလိုမှ အဆောင်ပြန်ဝင်မှာမို့ မနက်ဖြန်ညအထိတော့ အဆောင်ခန်းထဲမှာ ကျွန်တော်တစ်ယောက်တည်း အေးဆေးဆေးဆေးပေါ့။ ကျွန်တော် စာကြည့်မီးအိမ်ကိုလှမ်းဖွင့်လို့ ဒိုင်ယာရီစာအုပ်ကို စာရေးစားပွဲပေါ် ဘုန်းခနဲတင်ပစ်လိုက်တယ်။ ဒါ ေနာက်ဆုံးအကြိမ်ပဲ။ ဒီစာအုပ်ပေါ် ကျွန်တော့်လက်နဲ့ဘောပင်တင်မယ့် နောက်ဆုံးအကြိမ်။

သောက်ကျိုးနည်းcrushကို စွန့်လွှတ်လိုက်ပြီ (Completed)Where stories live. Discover now