အခန်း ၂၄ အပန်းဖြေဥယျာဉ်

Start from the beginning
                                    

ဂျူလီယမ်သည် အသက်ရှူမှား‌တော့မလိုဖြစ်သွားကာ မျက်နှာသည်လည်း နီရဲလာသည်။
“အင်းပေါ့..အာ.. တကယ်ကိုဟုတ်တယ်လေ!”

သူသည် ဗီလိန်၏မျက်ဝန်းနက်များထဲတွင် ဖြစ်တည်နေမည့် အတွေးဆိုးများ၏အရိပ်ယောင်တို့ကိုပင် မှန်းဆကြည့်နိုင်သည်။ ရယ်သံသဲ့သဲ့သည် ဖုန်းတစ်ဖက်ခြမ်းဆီမှ ဖြတ်ကာ ထွက်ပေါ်လာတော့သည်။
“မင်းအချိန်အားရင် ကိုယ်တို့ မီနိုကို အပန်းဖြေဥယျာဉ်ဆီ‌ လိုက်ပို့ပေးကြရအောင်လေ”

ဂျူလီယမ်သည် သဘောတူသည့်သဘောဖြင့် ကိုယ်တိုင်တောင် သတိမထားမိဘဲ 'အင်း' ဟု အသံပြုလိုက်မိ၏။

ထို့နောက် လူးရှပ်စ်သည် ထပ်မံ၍ ဆက်ပြောလာသည်။
“အချိန်အားတယ်ဆိုမနက်ဖြန်သွားကြမယ်လေ..မင်းအတွက်အဆင်ပြေပါ့မလား”

ဂျူလီယမ်သည် ဆိတ်ငြိမ်စွာ ပြန်လည်ဖြေကြားလာ၏။
“အင်း ကျွန်တော့်မှာချိန်းဆိုထားတာမျိုးတော့ မရှိပါဘူး”

လူးရှပ်စ်သည် အိုမီဂါလေး၏ အဖြေကို သဘောကျသွားသည်။
“ကိုယ်လည်းမနက်ဖြန်ဆိုပြီးစီစဉ်ထားမိတာ..အဲ့ဒါဆိုမနက်ဖြန်မနက်ပိုင်းကိုယ်မင်းကိုလာခေါ်လိုက်မယ်နော်”

ထိုကဲ့သို့ပြန်ပြောလာပြီးနောက် လူးရှပ်စ်ဘက်မှ ဖုန်းချသွားလေ၏။

ဂျူလီယမ်သည် ဖုန်းအား အသိစိတ်ကင်းမဲ့စွာဖြင့် တစ်ခဏမျှ ထိုင်ကြည့်နေမိသည်။

ဘာပါလိမ့်?

[System: Host, မျက်နှာတွေနီနေတာပဲ. လေကောင်းလေသန့်ရဖို့လိုနေတာများလား? ]

ဂျူလီယမ်သည် systemအပေါ် စိတ်တိုလာမှုကို မဖုံးကွယ်ထားနိုင်တော့ပေ။
“မင်းကတုံးတာပဲ,ဟုတ်တယ်မလား?”

သူတစ်ယောက်တည်းပဲ တီးတိုးရေရွတ်လိုက်မိ၏။
“ဒါကအိုမီဂါတစ်ယောက်ဖြစ်ရခြင်းရဲ့ဘေးထွက်ဆိုးကျိုးတစ်ခုဟ”

ဂျူလီယမ်အတွက် ဟိုဘက်ဒီဘက် လူးလှိမ့်ကာဖြင့် ကောင်းမွန်စွာအိပ်မရသော ညတစ်ညဖြစ်ခဲ့သည်။ မျက်မှန်များအောက်မှ မျက်လုံးနက်များ၊ ကုတ်အင်္ကျီရှည်များ၊ ရှည်လျားသောခြေတံများ၊ လက်ချောင်းရှည်များနှင့် တခြားသောလှစ်ဟပြသထားခြင်းမရှိသည့် ‌နက်မှောင်သော နေရာများအား အိမ်မက်များထဲတွင် မြင်မက်နေမိ၏။

သွေးသန့်အိုမီဂါလေး [ Rebirth; System ] Volume I Where stories live. Discover now