ကော့ညွတ်ကာ ရှည်သည့်သဏ္ဍာန်ရှိသော မျက်တောင်များ တဖျက်ဖျက်ခတ်သည်ကို သူ့လိုကောင်က အနှေးပြကွက်ဖြင့်ပင် ငေးချင်မိသည်။

နှာတံသွယ်သွယ်လေးကလည်းထိပ်တွင် လုံးလျက် ထိတို့ချင်စရာ ။ ပန်းနုရောင် ပါးမို့မို့က လည်း ဖိကပ်နမ်းပစ်လိုက်ချင်စရာ ။ ထိုမိန်းကလေးနှင့် ပတ်သတ်ဖူးသမျှ ပုရိသတို့အား သူ မနာလိုဝန်တိုပင် ဖြစ်မိလာ၏။

နှုတ်ခမ်းပါးပါးလေးက ဘယ်သူ့ကိုများ ထိတွေ့ဖူးလေမလဲ ။ ဆံနွယ်ရှည်ရှည်တွေကို ရော ဘယ်ယောကျ်ားက ထိုးဖွဖူးလေမလဲ ။ ခါးသိမ်သိမ်ကလေးကိုရော.... ။

" ကျစ် ! ငါ့သောက်လုပ်တွေမှ မဟုတ်တာ "

စောအယ်စေးမူးက Bathtubထဲမှ ထ၍ ရပ်လိုက်ကာ ဘေးရှိ အဖြူရောင် သဘက်ကို ခါးတွင် ပတ်လိုက်၏။

ပြီးခါမှ အတင်သင့် ထုတ်၍ ထားပြီးဖြစ်သော သစ်ခတ်သစ်ရွက်ပုံများပါသည့် Summer shirtကို ဒူးလောက်ရှိသည့် ဘောင်းဘီနှင့် တွဲဖက်ကာ ဝတ်လိုက်သည်။

သူ၏ ခေါင်းကတော့ ခပ်စိုစိုဖြင့်သာ ။
ကျန်းမာရေးအရ မကောင်းသည့် လုပ်ရပ်ဟု သိသော်ငြား သူက ခေါင်းလျှော်ပြီးတိုင်း သည်လို စိုထိုင်းထိုင်းဖြင့် နေရသည်ကို နှစ်သက်သူဖြစ်၏။

အိပ်ခန်းထဲမှ ထွက်လိုက်သည်နှင့် ခြေထောက်တိုအလိုအလျောက် ဦးတည်မိသည်က ဘေးချင်းကပ်လျက် အခန်းသို့သာ ...။

အခန်းပိတ်ထားလျှင်လည်း မရမက ခေါက်ကာ ဖွင့်ခိုင်းမည်ဟု အားခဲထားသော်ငြား တံခါးက
ပွင့်နေလျက် ။
အခန်းထဲ၌ လည်း ဘယ်သူမျှမရှိ။

နှုန်းက ဘယ်ရောက်နေလဲ !
ရုတ်တရတ် ပူထူသွားသော စိတ်က အစိုးမရစွာ
ဖြင့် အောက်ထပ်သို့ ပြေး၍ပင် ဆင်းသွားလိုက်မိသည်။

ဧည်းခန်းထဲတွင်လည်း ဘယ်သူမျှမရှိ။
အားလုံးက ထမင်းစားခန်းထဲတွင်သာ ရှိကြမည်မှာ အသေအချာပင်။ နံနက်အစောကြီး ထမင်းစားတတ်သည့် အလေ့အထက သူတို့မိသားစုတွင် ပုံမှန်ပင် ။

ထမင်းစားခန်းထဲဝင်လိုက်လေတော့ သူမှလွဲ၍ ကျန်အိမ်သားများအားလုံး ရှိနေ၏။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now