First meeting 👣

1.4K 37 0
                                    

လူတစ်ယောက်နဲ့တစ်ယောက် ဘ၀မှာအမှတ်မထင်ဆုံဖို့ဆိုတာ ရေစက်ပါမှရတာလို့ ကြားဖူးတယ်။ အဲ့ဒီတော့ အစ်မနဲ့ညီမဆုံခဲ့ရတာကလည်း ရေစက်လို့ထင်ခဲ့တာပေါ့။ အဲ့ထက်ပိုနေမှန်းမသိခဲ့ရိုးအမှန်ပါ......

ကိုဗစ်ကာလကြောင့် ကျောင်းတွေပိတ်ခဲ့တယ်...
နိုင်ငံရေးကြောင့် ကျောင်းထွက်ခဲ့ရတယ်...
ခင်ခဲ့ဖူးတဲ့ သူငယ်ချင်းမိတ်ဆွေတွေနဲ့ ရန်တွေဖြစ်ခဲ့ရတယ်...
Ldrsကြောင့် ရည်းစားနဲ့လည်းလမ်းခွဲခဲ့တယ်...
ကြိုတင်ချထားတဲ့အစီအစဉ်တွေအားလုံး လက်လွှတ်ခဲ့ရတယ်...
ဘ၀က ၂၀၂၀နောက်ပိုင်းထဲက ကံဆိုးလာလိုက်တာ...
အစ်မနဲ့မတွေ့ခင်အထိပေါ့...

မှတ်မိလား? ညီမတို့စတွေ့တဲ့နေ့က စကားတောင်မပြောဖြစ်ခဲ့ကြဘူး။ အစ်မက စိတ်တွေတိုနေတာလေ။ ကားပေါ်မှာ ပွစိပွစိနဲ့။ အစ်မကချစ်စရာကောင်းလို့ဆိုပြီး ညီမခိုးရယ်နေမိတာ အစ်မမသိလိုက်ဘူးမလား?

မြင်မြင်ချင်း ချစ်မိတာလားလို့မေးရင် ညီမကတော့ ဟင့်အင်းလို့ပဲဖြေမယ်။ မြင်မြင်ချင်းချစ်မိတာမဟုတ်ဘဲ ဖြည်းဖြည်းချင်းချစ်မိသွားတာပါ။ အခုဆို ညီမရဲ့ နှလုံးသားရော ဦးနှောက်ထဲမှာရော နေရာယူထားနိုင်တဲ့အထိပေါ့....

ပထမဆုံးစတွေ့တဲ့နေ့က ရိုမန်တစ်ဇာတ်ကားတွေထဲကလို ထူးခြားမနေခဲ့ပါဘူး။ ပြန်ပြောစရာအမှတ်တရရယ်လို့လည်း များများစားစားမရှိခဲ့ဘူး။ အဲ့နေ့က ညီမတို့စတွေ့တဲ့ ပထမဆုံးနေ့လေး ပြီးတော့ ညီမကိုယ်ညီမတောင် သတိမထားမိဘဲ အစ်မကိုချစ်စရာကောင်းတယ်လို့ တွေးမိတာလေး ဒါလေးပါပဲ။ အဲ့ဒါလေးကလွဲလို့ ပုံမှန်နေ့လေးတစ်နေ့ပဲ ဖြစ်ခဲ့ပါတယ်....

အစ်မ (သို့) "မ"Where stories live. Discover now