စောစေးလျမ်း၏ စကားမှာ ပုံနှုန်းဆိုသည့် ကလေးမလေးကိုပင် ထိခိုက်နေပြီမလို့
ဒေါ်မူယာချိုက ခင်ပွန်းဖြစ်သူအား လက်ကာပြကာ တားဆီးလိုက်သည်။

အမှန်ဆို မူယာချိုတောင် သည်ကိစ္စဟာ ဒေါ်မြလွန်းညို၏ လက်ချက်ဆိုတာသိနေလျှင် သူမ၏ ခင်ပွန်းဖြစ်သူက ဘယ်မသိဘဲ ရှိလိမ့်မလဲ။

ထိုသို့ပြောဆိုလိုက်ခြင်းက ဒေါ်မြလွန်းညို၏ အကြံအစည်အား သိနှင့်နေပြီးသားဆိုတာကို သိစေချင်၍သာဖြစ်လိမ့်မည်။

ဒေါ်မြလွန်းညိုက စောစေးလျမ်း၏ ခနဲ့သလိုပြောလိုက်သော စကားကြောင်း ဒေါသထောင်းခနဲ ထွက်သွားရသော်လည်း "FAME"အိမ်တော်နှင့် ဆွေမျိုးတော်စပ်ရမည့် အခွင့်အရေးကလေး အနည်းငယ်မျှ တိမ်းစောင်းမခံနိုင်သောကြောင့် မျက်နှာကို တမင် ညှိုးငယ်လိုက်ကာ ,

"သိက္ခာထိခိုက်သွားလည်း ဘယ်တတ်နိုင်ပါ့မလဲ သခင်ကြီးရယ် ၊ ဒီသမီးမိုက်ကိုက ထိန်းမရဖြစ်နေတာကို..ဟင့် မိပုံနှုန်း ညည်း ဒီလောက်ထိ ဖြစ်နေရလား ညည်း ဒီလောက်အထိ မအေမျက်နှာကို အိုးမဲ သုံးရလား အင့်ဟယ် "

"မေ...မေမေကြီး "

ဒေါ်မြလွန်းညိုက သရုပ်ဆောင်ကောင်းသူပီပီ ရှိုက်ကြီး ရှိုက်ငယ်မျိုးစုံဖြင့် မျက်ရည်များပင်စီးကျကာ သူမ၏ ဘေးတွင် ထိုင်နေသော ပုံနှုန်းအား တဖက်ဖက်မြည်အောင်ပင် ထုကာရိုက်၏။

"အဒေါ်ကြီး အဲ့တာ ကျွန်တော့်သတို့သမီးလောင်းဖြစ်နေပြီ ၊ အဒေါ်ကြီး ရိုက်ချင်တိုင်းရိုက်လို့ မရတော့ဘူး !"

သြရှ၍ သြဇာညောင်းသော ယောကျ်ားပီသသည့် အသံက စောစေးလျမ်းဘေး၌ ခြေပေါ်ခြေချိတ်၍ ထိုင်နေသည့် ခပ်ငယ်ငယ်အမျိုးသားဆီမှ ဟိန်းကာ ထွက်၍ လာသည်။

ဒေါ်မြလွန်းညိုက ထိုအမျိုးသား၏ အသံကိုကြားတော့ ထပ်၍ ရွယ်ကာနေမိသော လက်ကို ပင် ချက်ချင်းအမြန် ပြန်ရုတ်လိုက်ရ၏။

ထိုအမျိုးသားငယ်၏ မျက်နှာကား သူမ ကြားဖူးသည့် ကောလဟာလတွေထဲကလို ရုပ်ဆိုးအကျည်းတန်မနေပါ။

ရှူတည်တည်မျက်နှာပေးနှင့် ယောကျ်ားဆန်သော Jawlineတို့က ထိုအမျိုးသားငယ်အား ​ခက်ထန်သော အရှိန်အဝါကို ရရှိစေ၏။
ညိုသော အသားအရေနှင့်လိုက်ဖက်စွာ မျက်ဝန်းတို့ကလည်း မှိုင်းညှို့လျှက် အကြည့်တို့သည်ကပင် စူးစူးရဲရဲဖြင့် ။

အိမ်ကြီးရှင်ရဲ့ ကောင်းချီးလေး[Complete]Where stories live. Discover now