Epilogue

2.3K 213 148
                                    

"ဆာရန်း.. Appa ဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား"

အနောက်တိုင်းဝတ်စုံကို necktie မပါဘဲဝတ်ကာအဖြူရောင်ကုတ်အောက်မှရှပ်အနက်ကိုကြယ်သီးတစ်လုံးဖြုတ်ထားပုံကမြင့်မားသောအရပ်၊ ကျယ်ပြန့်​သောပခုံး၊အဆီပိုမရှိချပ်ရပ်​သွယ်လျနေသည့်ကိုယ်ခန္ဓာ​ပေါ်တွင်လိုက်ဖက်တင့်တယ်​နေ၏။ ရှေ့ဆံပင်​​တွေကိုအကုန်အစင်အ​ပြောင်သိမ်းထားတာမျိုးမဟုတ်ဘဲတစ်ချို့တစ်ဝက်သာလှန်တင်ထားပြီးနဖူးပေါ်တွင်ဆံစတစ်ချို့ချထားလေတော့ဘဲဥပုံမျက်နှာကျလေးကိုပိုထင်ရှားစေကာပန်းပုရုပ်လေးတစ်ရုပ်လိုအပြစ်အနာဆာဆိုတာဘာလဲလို့မေးယူရလောက်အောင်ပြိုင်ဖက်ကင်းသောပြည့်စုံမှုမျိုးကိုကင်ဆော့ဂျင်ရဲ့မျက်နှာပေါ်တွင်သာတွေ့နိုင်သည်။

"Appa ကတော့ဂုန်နီအိတ်ကိုအင်္ကျီချုပ်ဝတ်ရင်တောင်ကြည့်ကောင်းနေဦးမှာပဲ"

"တကယ်ပဲ.. Appa ရဲ့မင်းသမီးလေးအတော်ဆုံး"

သူကလက်မနှစ်ချောင်းထောင်ပြကာပြောလိုက်တော့ဆာရန်းကမျက်လုံးပေါက်လေးပျောက်သွားအောင်ရယ်သည်။ အားရပါးရရယ်လိုက်တိုင်းပေါ်လာတတ်တဲ့မေးစေ့ကအချိုင့်ခွက်သေးသေးလေးကြောင့်ဆာရန်းလေးရဲ့အပြုံးကချစ်စရာအလွန်ကောင်းသလိုဆာရန်းပြုံးတာမြင်တိုင်းဆာရန်းလေးနဲ့ တထေရာတည်းတူသည့်ယူဂျောင်းကိုအမှတ်ရစေပါသည်။

"Aigoo! ဆာရန်းရဲ့ Appa.. ဒီလိုတွေဝတ်စားပြင်ဆင်ပြီးဒိတ်တတ်တဲ့အရွယ်တောင်ရောက်နေပြီ.. ကစားကွင်းမသွားရလို့နှုတ်ခမ်းစူပြီးစိတ်ကောက်ခဲ့တာလေးတွေကပြန်တွေးကြည့်ရင်မနေ့တနေ့ကလိုပဲ"

"Appa ကဘယ်တုန်းက.. "

"အခုတော့ Appaရဲ့အချစ်ကိုဆာရန်းတစ်ယောက်တည်းအပိုင်ရတာမဟုတ်တော့ဘူးပဲ။ အရင်လို.. တ​လောကလုံးမှာဆာရန်းကိုအချစ်ဆုံးဆိုတဲ့စကား​လေး​တွေမကြားရ​တာဘယ်​လောက်ကြာပြီလဲ။ ဆာရန်းကိုအရင်​လောက်မချစ်​တော့ဘူးမဟုတ်လား.. ​ပြောင်းလဲသွားပြီမဟုတ်လား"

ဆာရန်းကခါးလေးထောက်ပြီးမျက်စောင်းလေးဝင့်ကာမကျေနပ်သလိုလေးပြောသည်။ သူကသဘောကျလွန်းစွာရယ်လိုက်ပြီးဆာရန်းရဲ့ပါးလေးကိုခပ်ဖွဖွလိမ်ဆွဲလိုက်သည်။

Can We Become Strangers? (✔️)Où les histoires vivent. Découvrez maintenant