14 ရက်၊336 နာရီ၊ 20,160 မိနစ်၊ 1,209,600စက္ကန့်
"မဟုတ်သေးပါဘူး။ မတွေ့ရတာစက္ကန့်ပေါင်းတစ်သန်းကျော်တောင်ကြာသွားလို့ဒီက.. ကမ္ဘာပြိုမတတ်လွမ်းနေရတာကိုသူကဘာလို့ဒီလောက်တောင်သွေးအေးအေးနဲ့ဘာမှမဖြစ်သလိုနေနိုင်ရတာလဲ။ အဲ့ဒါဘာလို့လဲ"
"ကျွန်တော်လည်းဘယ်သိပါ့မလဲ။ ဆော့ဂျင်ရှီရဲ့စိတ်ထဲကိုဖြဲဝင်ပြီးဘာတွေရှိနေလဲဆိုတာကြည့်လို့မှမရတာ"
ဒေါသတွေနဲ့ရှူးရှူးရှဲရှဲဖြစ်နေသည့်သူ့ကိုအတွင်းရေးမှူးမင်က.. ကားကိုဂရုတစိုက်မောင်းရင်းလေအေးလေးနှင့်ပင်ပြန်ဖြေသည်။ အတွင်းရေးမှူးမင်ပြောသလိုပဲ.. ဖြစ်နိုင်ရင်သူလည်း hyung ရဲ့စိတ်ထဲဝင်ပြီး hyung ဘာတွေတွေးနေသလဲဆိုတာကိုဝင်ကြည့်လို့ရမယ်ဆိုရင်ကြည့်လိုက်ချင်ပါရဲ့။ မျက်နှာလေးမမြင်ရရင်တောင်အသံလေးဖြစ်ဖြစ်ကြားချင်မိတာ၊ ရင်ခွင်ထဲမှာပွေ့ဖက်ထားခွင့်မရှိရင်တောင် 'လွမ်းတယ်' ဆိုတဲ့စကားလေးတစ်ခွန်းနဲ့ရင်ထဲကဝေဒနာတွေကိုဖြေသိမ့်ချင်တာ.. အဲ့လိုစိတ်တွေသူ့ဘက်ကပဲတစ်ဖက်သတ်ဖြစ်နေရတာမတရားဘူးလို့ထင်မိသည်။ အခုလည်းကြည့်လေ.. သူကအသံလေးကြားချင်လို့ဖုန်းဆက်ရင်တောင်ဖုန်းကိုကိုင်ချင်မှကိုင်တယ်..ဖုန်းပြောဖြစ်ရင်လည်း 'နေကောင်းလား' 'စားပြီးပြီလား' 'ကျန်းမာရေးဂရုစိုက်' ဆိုတဲ့စကားတွေကလွဲရင်တခြားဘာမှမပြော.. အဲ့ဒါဖြစ်သင့်ရဲ့လား..
"အဲ့လိုမသိဘူးလို့လွယ်လွယ်ပြောလို့ဘယ်ရမလဲ။ ကျွန်တော်မသွားခင်က.. အတွင်းရေးမှူးမင်ကိုအသက်.. အဲ.. hyung ကိုသေချာစောင့်ရှောက်ပေးပါလို့မှာခဲ့လား.. မမှာခဲ့ဘူးလား.. ဟင်။ အတွင်းရေးမှူးမင်သာပေးထားတဲ့တာဝန်ကိုကျေရင်ကျွန်တော်ဒီလိုယောက်ယက်ခတ်နေစရာအကြောင်းရှိမှာမဟုတ်ဘူး"
"ဟာ.. ကျွန်တော်လည်းတမင်သက်သက်ပျက်ကွက်တာမှမဟုတ်တာ။ Boss ထွက်သွားပြီးသိပ်မကြာဘူး.. ဘူဆန်ရုံးခွဲမှာပြဿနာပေါ်လို့ဆိုပြီးအတင်းလွှတ်လို့ဘူဆန်ကိုအားချင်းထွက်ခဲ့ရပါတယ်လို့သေချာရှင်းပြပြီးပြီပဲ။ ဘယ်နှစ်ခါပြောနေရဦးမှာလဲ"
YOU ARE READING
Can We Become Strangers? (✔️)
Fanfiction(Unicode) ရင်ထဲမှာသူရှိ,မရှိကိုနှလုံးသားကအလိုလိုသိနေပြီးသားပဲ.. အဲ့ဒါကြောင့်အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲကြပြီးရင်သူစိမ်းတွေဖြစ်သွားမှာလားဆိုတဲ့မေးခွန်းကိုမေးမနေတော့ပါဘူး.. Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ရင္ထဲမွာသူရ...