Chapter- XX

1.8K 272 140
                                    

"အမ​လေး!! ငါ့သား​လေး.. ငါ့သား​လေး.. အခုဘယ်မှာလဲ.. ​ပြောစမ်း"

"Boss ကအခု​လေးတင်ပဲခွဲစိတ်ခန်းထဲဝင်သွားပါတယ် သူ​ဌေးက​တော်"

ခွဲစိတ်ခန်း​ရှေ့ကိုကပျာကယာ​ပြေးဝင်လာတဲ့​ဂျောင်ကုရဲ့အ​မေကိုမြင်​တော့​ဆော့ဂျင်နံရံ​နောက်တွင်သူ့ကိုယ်​လေးကိုမမြင်နိုင်​အောင်ဝှက်လိုက်သည်။ သူ့ရဲ့ရင်ခုန်သံသည်​လည်းလေပြင်းအဟပ်တွင်ဆတ်ဆတ်ခါသွားသောသစ်ရွက်​လေးများသဖွယ်တရှိုက်မက်မက်လှိုက်ဖို​တုန်ခါနေ​တော့သည်။ ရုတ်တရက်ကြီးမားတဲ့အ​ပြောင်းအလဲကြီးတစ်ခုကိုရင်ဆိုင်လိုက်ရသည့်အတွက်သူ့ရဲ့စိတ်အစဥ်မှာလည်းဘာတစ်ခုမှဖမ်းဆုပ်လို့မရ​အောင်ပြင်းထန်လှ​သည့်လှိုင်းတံပိုး​အောက်တွင်စုံးစုံးမြုပ်နစ်ဝင်သွားသကဲ့သို့ ကြိတ်လျက်ရှိုက်ငင်​နေ​သောငိုသံသဲ့သဲ့​လေးမှာအင်အားမဲ့လွန်းလှသည်။

"လူတစ်​ယောက်ကိုဝင်ကယ်ရင်းနဲ့အခုလိုဖြစ်သွားတာဆို.. အဲ့ဒီ့လူကဘယ်သူလဲ.. ဘယ်သူလဲလို့​မေး​နေတယ်​လေ"

"​ကျွန်​တော်လည်း​သေချာမသိ.."

"မင်းသိတာဘာရှိလဲ..ဟမ်။ ဒီအတိုင်းမသိပါဘူးတစ်လုံးတည်း​ပြောပြီး​ရောချလိုက်ရင်ပြီးသွား​ရောလား။ ငါ့သားအနားမှာအချိန်ပြည့်​နေပြီး​စောင့်​ရှောက်​ပေးဖို့ကမင်းရဲ့တာဝန်မဟုတ်ဘူးလား။ အလုပ်ကိုဘယ်လို​တွေလုပ်​နေကြတာလဲ"

"​တောင်းပန်ပါတယ်.. သူ​ဌေးက​တော်။ အားလုံးကကျွန်​တော့်ရဲ့​ပေါ့ဆမှု​ကြောင့်ပါ"

အတွင်း​ရေးမှူးမင်နဲ့​ဂျောင်ကုရဲ့အ​မေအပြန်အလှန်​ပြော​နေကြတဲ့စကားတို့ကိုဆက်နား​ထောင်နိုင်စွမ်းမရှိ​တော့ဘဲအဝတ်စတစ်ခုလို​ပျော့​ပျောင်းညွတ်​ခွေစွာပြိုလဲသွားသည်။ ဒီ​နေရာက​နေ​ပြေးထွက်သွားပြီးဒါ​တွေအားလုံးကသူ့​ကြောင့်ပါလို့​အော်ဟစ်လိုက်ချင်​ပေမယ့်လက်​တွေ့တွင်​တော့သူ့မှာရှိုက်၍ငိုရုံသာတတ်နိုင်​လေသည်။ အရာအားလုံးသည်တမင်လုပ်ကြံဖန်တီးထားသကဲ့သို့ပင်တိုက်ဆိုင်လွန်း​သောအဖြစ်ကသူ့ကိုအလစ်ဝင်​ရောက်တိုက်ခိုက်လိုက်သလိုထင်ရသည်။

Can We Become Strangers? (✔️)Where stories live. Discover now