Chapter- V

2.4K 326 169
                                    

~ဂလွမ်း.. ဂွမ်း~

ပခုံးကိုတမင်သက်သက်တိုက်ချလိုက်မှန်းသိသည်။ ဒါ​ပေမယ့်ရန်ပြန်​တွေ့နိုင်မယ့်အ​ခွင့်အ​ရေးသူ့မှာမရှိသလိုစိတ်လိုက်မာန်ပါတစ်ခုခုပြန်လုပ်လိုက်ဖို့လည်းအင်အားရှိမ​နေသည့်အတွက်သူ့ကို​လှောင်သလိုဝိုင်းကြည့်​နေကြမယ့်လူတစ်သိုက်ကိုအဖက်လုပ်မ​နေ​တော့ဘဲကြမ်း​ပေါ်တွင်ပြန့်ကျဲသွားတဲ့ထမင်း၊ဟင်းများကိုသာလွတ်ကျသွားသည့်ထမင်းဗူးထဲသို့တိတ်ဆိတ်စွာပဲပြန်​ကောက်ထည့်လိုက်သည်။

​ဒေါသ​ရှေ့ထား​နေလည်းအပိုပဲ​လေ..သူကထိုလူများကိုရန်လုပ်နိုင်မယ့်အဆင့်အတန်းမှမဟုတ်တာ။ သူတို့ကအာဏာ၊ စည်းစိမ်၊ အရှိန်အဝါရှိတဲ့မိသားစုအသီးသီးကဆင်းသက်လာကြတဲ့တက္ကသိုလ်​ကျောင်းသား​တွေ။သူက​တော့..ဒီတက္ကသိုလ်ရဲ့ကန်တင်းကအညတရအချိန်ပိုင်းအလုပ်သမားတစ်​ဦး။ အဲ့​ဒီ့တော့နိုင်မှာမဟုတ်တဲ့တိုက်ပွဲကိုအားကုန်ခံပြီးစီးချင်မထိုးချင်​တော့ပါ။

"ဟာ.. အနံ့​တွေကလည်းဆိုးလိုက်တာ။လမ်းသွားရင်အ​ရှေ့​ကို​သေချာကြည့်သွားမှ​ပေါ့.. အင်္ကျီ​တွေ​ပေကုန်ရင်ဘယ်လိုလုပ်မလဲ။ ​လျော်နိုင်မှာလည်းမဟုတ်ဘဲနဲ့"

"​ဟေး..ပြော​နေတာကြားလား။ဒီကိုလည်းနည်းနည်းပါးပါးအဖက်လုပ်ပါဦး"

"ရုပ်ကိုကမထုံတက်​တေးနဲ့"

"​အေး​လေ.. သူကလည်းမှား​သေးတယ်"

ဟုတ်ပါတယ်.. သူပဲမှားပါတယ်။ဒီ​လောကကြီးမှာလူဖြစ်လာတာကိုကသူ့အမှားပါ။

"Yo.. JK"

ကြမ်းပြင်​ပေါ်ကဟင်းနဲ့ထမင်း​တွေကို​ကောက်​​နေတဲ့သူ့လက်​​တွေတုံ့ခနဲရပ်သွား၏။ ​​မော့မကြည့်​ပေမယ့်ခံစားလို့ရ​သည်.. အခုအချိန်မှာဘယ်လိုမျက်လုံးမျိုးနဲ့အကြည့်​ခံနေရမလဲဆိုတာ။ဂျောင်ကုကသူကန်တင်းကဟင်းကျန်၊ ထမင်းကျန်​တွေကိုအိမ်သယ်တာလုံးဝမကြိုက်.. သူကလည်းသူပဲ.. ငယ်ငယ်ကတည်းကရုန်းကန်​နေခဲ့ရလို့လားမသိ.. ထမင်းတ​စေ့ကအစတန်ဖိုးထားသည်.. နှ​မြောသည်။ ​ဂျောင်ကုဘယ်​လောက်ဆူဆူ.. ထမင်းဗူးယူလာပြီး အရ သယ်စမြဲပင်။

Can We Become Strangers? (✔️)Donde viven las historias. Descúbrelo ahora