"ဦးလေး"
အသံဆာဆာလေးနဲ့အော်ပြီးပြေးဝင်လာတဲ့ဆာရန်းရဲ့နောက်မှာချစ်စဖွယ်အပြုံးလေးနဲ့လိုက်ပါလာသူက.. သူ့ရဲ့ hyung.. ဒါဟာ.. အိပ်မက်တစ်ခုမဟုတ်သလို.. သူစိတ်ကူးယဥ်နေတာလည်းမဟုတ်ပါ။ hyung ကအခုသူ့မျက်စိရှေ့မှာတကယ်ရှိနေပြီးသူ့ကိုလှိုက်လှိုက်လှဲလှဲပြုံးပြနေသည်။ သူက hyung ရဲ့မျက်နှာအစိတ်အပိုင်းတစ်ခုစီတိုင်းကိုအလွတ်ရတာထက်ပိုအောင်ငေးကြည့်နေမိသည်။ လွမ်းလိုက်ရတာ.. အခုမျက်စိရှေ့မှာမြင်နေရတာတောင်မရောင့်ရဲနိုင်..အလွမ်းတွေကပြေမသွားနိုင်ပါလား..hyung နဲ့များနောက်တစ်ကြိမ်ထပ်ခွဲရမယ်ဆိုရင်လွမ်းနာကျပြီးသေသွားနိုင်မည်ထင်သည်။
"အဟမ်း.. မျက်လုံးကြီးလည်းကျွတ်ထွက်သွားဦးမယ်"
ဆာရန်းကသူကြားနိုင်ရုံလေသံဖြင့်တိုးတိုးကျိတ်ကျိတ်လှမ်းပြောတော့သူကသဘောကျစွာသွားတွေပေါ်အောင်ပြုံးလိုက်ပြီးဆာရန်းရှေ့တွင်မုဆိုးဒူးထောက်ထိုင်လိုက်သည်။
"ရောက်လာပြီလား.. လူကြီးမလေး"
"ဆာရန်းပါဆိုမှ.. ကင်ဆာရန်း.. ဘာလို့ဒီနာမည်လေးတောင်အခုချိန်ထိမမှိတ်မိနိုင်ရတာလဲ"
သူထင်ထားတဲ့အတိုင်း.. ဆာရန်းကနှုတ်ခမ်းကိုချွန်နေအောင်ထော်ပြီးမကျေမနပ်လေသံဖြင့်ပြန်ပြောသည်။ သူကလည်းဆာရန်းမကြိုက်မှန်းသိရဲ့နဲ့ မ,စရမနေနိုင်။ အဲ့လိုပြန်ပြန်ရန်တွေ့တတ်တာလေးကိုပဲအသည်းယားနေမိတာဖြစ်သည်။
"ကလေးမလေးလို့ခေါ်တာမကြိုက်ဘူးဆိုလို့လူကြီးမလေးလို့ပြောင်းခေါ်တာလေ.. အဲ့ဒါလည်းမကြိုက်ဘူးလား"
"ထားလိုက်ပါတော့.. နေမကောင်းတဲ့လူမို့လို့ဆာရန်းကပဲသဘောထားကြီးပြီးဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်မယ်။ ဒါနဲ့.. အခုထိနေမကောင်းသေးဘူးလား"
"အင်း"
"အဲ့ဒါဆို..မြန်မြန်နေကောင်းအောင်လုပ်လေ။ ဦးလေးကဒီဆေးရုံဝတ်စုံကြီးနဲ့ကြည့်မကောင်းဘူး"
YOU ARE READING
Can We Become Strangers? (✔️)
Fanfiction(Unicode) ရင်ထဲမှာသူရှိ,မရှိကိုနှလုံးသားကအလိုလိုသိနေပြီးသားပဲ.. အဲ့ဒါကြောင့်အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲကြပြီးရင်သူစိမ်းတွေဖြစ်သွားမှာလားဆိုတဲ့မေးခွန်းကိုမေးမနေတော့ပါဘူး.. Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ရင္ထဲမွာသူရ...