"သေပစ်လိုက်မှအေးမှာပါ"
ဆံပင်စုတ်ဖွားနဲ့လူကပွပြီးသားဆံပင်ကိုထပ်တလဲလဲဆွဲဖွ၍ ဓါတ်လှေကားတံခါးနှင့်ခေါင်းကိုအဆက်မပြတ်တဒိန်းဒိန်းဆောင့်နေရင်းပါးစပ်မှထိုစကားကိုသာတဖွဖွပြောနေ၏။ အရူးလိုလို၊စိတ်မနှံ့တဲ့သူလိုလိုလူသားနဲ့အလုံပိတ်နေတဲ့နေရာတွင်နှစ်ယောက်တည်းရှိနေရတာကိုကြောက်မိတဲ့ဆော့ဂျင်ကတော့သူသွားလိုတဲ့အထပ်ကိုအမြန်ဆုံးရောက်ပြီးဓါတ်လှေကားတံခါးမြန်မြန်ပွင့်ပါစေလို့သာဆုတောင်းနေမိတော့သည်။
~တောင်~
ဓါတ်လှေကားတံခါးပွင့်သွားတာနဲ့ဆော့ဂျင်တစ်ယောက်ဝမ်းသာအားရဖြင့်အပြေးတစ်ပိုင်းထွက်လာမိ၏။အပြင်ရောက်တော့အသက်ကိုအားရပါးရရှူပြီးလှည့်အထွက်.. တံခါးပြန်မပိတ်ခင်ကြားလိုက်ရသည့်စကားတို့ကသူ့ကိုကျောချမ်းစေပါသည်။
"ဟုတ်တယ်.. သေလိုက်ရင်အားလုံးအေးချမ်းသွားမှာ"
"ဟင်!"
ဆော့ဂျင် ကမန်းကတန်းအနောက်ကိုပြန်လှည့်ကြည့်မိတော့ထိုလူကအိတ်ကပ်ထဲမှမဲမဲသဏ္ဍာန်တစ်ခုကိုထုတ်လိုက်သည်ကိုဝိုးတဝါးမြင်လိုက်ရပြီးတံခါးကဝုန်းခနဲပြန်ပိတ်သွားတော့သည်။ သူ.. ခေါင်းနပန်းတွေကြီးသွားပြီးဘာဆက်လုပ်ရမှန်းမသိခြေမကိုင်မိလက်မကိုင်မိတွေဖြစ်ကုန်၏။ သူ့ရင်ထဲတွင်လည်းမသင်္ကာသည့်သို့လောသို့လောစိတ်တွေသာကြီးစိုးလျှက်...
"ဂျောင်ကုကိုဖုန်းဆက်လိုက်ရင်ကောင်းမလား"
ဓါတ်လှေကားရှေ့မှာခေါက်တုံ့ခေါက်ပြန်လမ်လျှောက်ရင်းလက်သည်းကိုက်ကာ နဖူးကြောတွေရှုံ့သည်အထိအပြင်းအထန်စဥ်းစားနေမိသည်။
"ဟား.. ဘာလို့ဆက်ရမှာလဲ။ ဖုန်းဆက်ရအောင်သူကဘာမို့လို့လဲ"
ဘယ်ကမှန်းမသိဝင်လာတဲ့အားကိုးချင်မိသည့်စိတ်တို့ကိုချက်ချင်းပြန်မောင်းထုတ်လိုက်ပြီး...
"အဲ့ဒါဆိုဘာလုပ်ရင်ကောင်းမလဲ။ အဲ့ဒီ့ခေါင်းစုတ်ဖွားနောက်ကိုလိုက်ချောင်းကြည့်ရင်ကောင်းမလား"
![](https://img.wattpad.com/cover/300897735-288-k191607.jpg)
YOU ARE READING
Can We Become Strangers? (✔️)
Fanfiction(Unicode) ရင်ထဲမှာသူရှိ,မရှိကိုနှလုံးသားကအလိုလိုသိနေပြီးသားပဲ.. အဲ့ဒါကြောင့်အကြောင်းအမျိုးမျိုးကြောင့်လမ်းခွဲကြပြီးရင်သူစိမ်းတွေဖြစ်သွားမှာလားဆိုတဲ့မေးခွန်းကိုမေးမနေတော့ပါဘူး.. Jeon Jung Kook 💜 Kim Seok Jin (Zawgyi) ရင္ထဲမွာသူရ...