Chapter- VIII

2.7K 304 130
                                    

"နာမည်"

ထိုစကားကိုခပ်ပြတ်ပြတ်​ရေရွတ်ရင်းဆိုဖာ​ကျောမှီ​ပေါ်လက်တစ်ဖက်ဆန့်တင်ကာ​ခြေချိတ်ထိုင်လိုက်ပုံကမာန်အပြည့်၊ အရှိန်အဝါအပြည့်ဖြင့်ခန့်ညား​နေသည်။ ဆိုဖာ​ပေါ်တင်ထားသည့်လက်ကိုတံ​တောင်​ထောက်၍နားထင်မှာလက်ညှိုး​ထောက်ကာစူးရှသည့်မျက်လုံးများဖြင့်ခန္ဓါကိုယ်ကို​ဖောက်ထွင်းမတတ်စိုက်ကြည့်၏။ စူးရဲလွန်းသည့်အကြည့်တို့​ကြောင့်သိမ်ငယ်စိတ်ကအလိုလိုဝင်လာမိသည်။

"လီ.. ဂျယ်.. ဟွမ်.. ပါ"

​"အသက်"

"သုံးဆယ်"

"အလုပ်အကိုင်"

"Stunt double ပါ"

"အရင်ကကျူးလွန်ခဲ့တဲ့ပြစ်မှု​ဟောင်း​တွေရှိခဲ့ဖူးလား"

"မရှိပါဘူး"

"အဲ့ဒါဆိုရင်.. DNA နဲ့လက်​ဗွေရာစစ်ဖို့.."

"Boss.. အခုက Bossနေရာမှာတစ်နာရီ​လောက်​လေးပဲ သရုပ်​ဆောင်​ဖို့လူငှား​​ပေးပါဆိုလို့သူ့ကို​ခေါ်လာတာ​နော်။ တရားခံစစ်​ခိုင်း​နေတာမဟုတ်ဘူး"

​ဘေးက​နေဝင်​ပြောလာသည့်အတွင်း​ရေးမှူးမင်၏သတိ​ပေးစကား​ကြောင့်​ဂျောင်ကုကချိတ်ထားတဲ့ခြေ​ထောက်ကိုဖြည်လိုက်ကာကိုယ်ကိုအနည်းငယ်ကိုင်းလိုက်သည်။ မျက်နှာကတင်း​နေ​ပေမယ့်အကြည့်တို့ကအရင်​လောက်မပြင်းထန်​တော့။

"သိတယ်.. hyung ရဲ့လုံခြုံမှုအတွက်​သေချာ​အောင်​မေး​နေရတာ"

"နှစ်​ယောက်တည်း​တွေ့မှာမှမဟုတ်တာ။ ကျွန်​တော်တို့လည်းအနားမှာရှိ​နေမှာပဲ"

"သူကစိတ်ချရတာ​သေချာလား"

မင်ယွန်ဂီကသူ့ကို'ပိုကိုပိုလွန်းတယ်'ဆိုသည့်အကြည့်ဖြင့်တစ်ချက်​​စွေကြည့်ပြီးနှုတ်ခမ်းကို​မဲ့ကာ..

"အဲ့​ဒီ့လောက်​တောင်မယုံကြည်နိုင်ဖြစ်​နေရင်ကိုယ်တိုင်ထ လုပ်လိုက်​ပါလား"

"အဟမ်း.. ထားပါ​တော့။ ဒါ​ပေမယ့် သူက.. stunt double တစ်​ယောက်အ​နေနဲ့အရမ်းကြည့်​ကောင်းမ​နေဘူးလား"

မြင့်သောအရပ်၊အချိုးအဆစ်ကျ​ပြေပြစ်​သောခန္ဓါကိုယ်၊​ယောက်ျားပီသ​သောမျက်နှာအစိတ်အပိုင်းတို့ကိုပိုင်ဆိုင်ထားသည့်လီဂျယ်ဟွမ်ဆိုတဲ့လူဟာသက်ရှိKenရုပ်​တစ်ရုပ်လိုကြည့်​ကောင်း​နေ​တာကို​တော့ဘဝင်မကျချင်။

Can We Become Strangers? (✔️)Donde viven las historias. Descúbrelo ahora