Final Ep 23. အဆုံးသတ်ရဲ့အစ-၂ (​ပျော်ရွှင်စွာ အမြဲ ထို့​နောက်)

717 78 12
                                    

ထီး​ဆောင်းလာခဲ့တာ​တောင် သည်းသည်းမည်းမည်းရွာချ​နေတဲ့မိုးက Jisung ဝတ်ထားတဲ့ အညို​ရောင်ကုတ်ရှည်ကို အ​​တော်​​လေးစိုထိုင်းသွား​စေတယ်။ "Close" ဆိုတဲ့ဆိုင်းဘုတ်ကို တံခါး​ရှေ့ချိတ်ထားတဲ့ မှန်လုံဆိုင်ခန်းထဲဝင်​လာပြီး အင်္ကျီ​အ​ပေါ်ယံမှာတင်ကျန်​နေတဲ့​ရေစက်​​တွေကိုခါပစ်​တော့ စားပွဲတစ်လုံးကို အဝတ်တစ်စနဲ့သုတ်​နေသူက ​ရွှင်လန်းတဲ့အပြုံးနဲ့​မော့ကြည့်လာတယ်။

"​ရောက်လာပြီလား က​လေး"

အလိုက်မသိတဲ့မိုး​ကြောင့် စိတ်ရှုပ်​နေတဲ့ Jisung မှာ Minho ရဲ့နှုတ်ဆက်စကား​ကြောင့် ပိုလို့စိတ်တိုသွားရတယ်။

"ဟုတ်ကဲ့ ​ရောက်ပါပြီ ​ဖေ​ဖေ"

ထီးကို အနားမှာရှိ​နေတဲ့ပုံးထဲလှမ်းထည့်လိုက်ရင်း Jisung ရဲ့အရွဲ့တိုက်​နေပုံ​ကြောင့် Minho အားရပါးရရယ်​မော​တော့တယ်။

ဒီရက်ပိုင်း Minho မှာ က​လေးဆိုတဲ့အသုံးအနှုန်းကိုအ​တော်အတန်ဓါတ်ကျ​နေပုံ​​ပေါ်တယ်။ အစပိုင်းက​တော့ Jisung ကိုရင်ခုန်​စေခဲ့ပုံရှိ​ပေမဲ့ ကြာလာ​တော့ အသည်းယား၊ နားကြားပြင်းကပ်လာသလားမသိ။ က​လေးလို့ဆက်​မ​ခေါ်​တော့ဖို့ ​တောင်းပန်ခယတစ်လှည့်၊ စိတ်ဆိုးမာန်ဆိုးတစ်လှည့်ဖြစ်လာ​တော့တယ်။

Minho ကလည်း သူက​လေးလို့​​ခေါ်လိုက်တိုင်း Jisung ရဲ့တုန့်ပြန်ပုံကို သ​ဘောကျရလွန်းတာ​ကြောင့် ယခုထက်ထိလက်မ​လျှော့​သေး​ချေ။

"ကိုယ့်ထက်ငယ်လို့ က​လေးလို့​ခေါ်တာပဲ"

"အင်း​လေ ခင်ဗျားက ဆံပင်ဖြူနဲ့အဘိုးကြီးပဲကိုး"

မိုး​ရေ​ကြောင့် ​အေး​စက်​နေတဲ့လက်ကို ​ရေ​နွေး​နွေးနဲ့​ဆေးပစ်ဖို့စိတ်ကူးနဲ့ အတွင်းခန်းထဲ​လျှောက်ဝင်သွားရင်း ​ဘေးကဖြတ်သွားရတဲ့ Minho ရဲ့ဆံပင်တို​တွေကို ဆွဲဖွပြီး ရွဲ့​တော့တယ်။

"ဟာ.. ကိုယ့်ရဲ့ဆံပင်​တွေကိုညှပ်ပစ်ပြီး အဖြူ​ရောင်ဆိုးပါလို့ မင်းပဲဂျီကျထားတာ​လေ"

"ခင်ဗျားကအဘိုးကြီးဆို​တော့ ဆံပင်အဖြူ​ရောင်နဲ့လိုက်မှာမို့လို့​ပေါ့"

Out Of Character || MinSung FF ||Where stories live. Discover now