Ep 20. ပြောင်းလဲသွားသော နန်းတက်ပွဲ

520 72 4
                                    

သဘာဝနဲ့ဆန့်ကျင်စွာ အပူချိန်မြင့်မားတယ်လို့ လူသိများတာ​ကြောင့် ဖြတ်သွားဖြတ်လာ​တောင်မရှိ​လောက်​အောင် ​ခြောက်​ကပ်နေတတ်တဲ့ ဂူ​တွေရဲ့​ရှေ့ ယ​နေ့မနက်မှာ​တော့ ပုံမှန်နဲ့မတူ​အောင် လူအချို့ရှိ​နေတယ်။

​ပေါ်​ပေါ်ထင်ထင်သွားလာလှုပ်ရှား​နေကြတာမျိုးမဟုတ်ဘဲ သစ်ပင်ခြုံနွယ်​တွေကို အကာအကွယ်ပြု ​ကျောက်တုံးကြီးများ​နောက်ပုန်းလျှိုးကွယ်လျှိုးနဲ့ အ​ခြေအ​နေကိုရိပ်စား​နေကြခြင်းဖြစ်တယ်။

အဲ့ဒီ့လူစုလူ​​​ဝေးကို ဦး​ဆောင်ညွှန်ကြား​နေသူက​တော့ အိမ်​ရှေ့စံရဲ့ နံပါတ်တစ်လူယုံ​တော် သက်​တော်​စောင့် Kim သာ။ ဂူကြီးရှေ့ အ​စောင့်အကြပ်တစ်စုံတစ်​ယောက်မျှ​တောင်မ​တွေ့ရတာ​ကြောင့် အ​ခြေအ​နေကိုမသင်္ကာ​တော့​သော်ငြား သတိထား​ရှေ့ဆက်ဖို့ လက်ပြအချက်​ပေးလိုက်​တော့ အနက်​ရောင်ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့တပ်သား​တွေဟာ ဂူအနီးသို့ အသီးသီးချီတက်သွားကြတယ်။

ထိုတပ်သားများထဲ စစ်​ဆင်​ရေး​တွေနဲ့အကျွမ်းတဝင်ရှိမ​နေတဲ့ ပညာရှင် Hwang လည်းအပါအဝင်။ ပညာရှင် Hwang နဲ့ပတ်သက်ပြီး သက်​တော်​စောင့် Kim သိပ်စိတ်မချ​သော်လည်း ယခုထိတိုင် ပြဿနာတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိ​​သေးတာမို့ စိတ်​လျှော့လိုက်ကာ စစ်ဆင်​ရေးတပ်သားများကိုသာ အာရုံစိုက်ဦး​ဆောင်​နေလိုက်ခြင်းဖြစ်တယ်။

"အ​ခြေအ​နေဘယ်လိုလဲ"

အနက်​ရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ထားတဲ့လူတစ်ဦးက သူ့အနား​ရောက်လာကာ အသံခပ်တိုးတိုးဖြင့် ထိုသို့​မေးလာ​တော့ သက်​တော်​စောင့် Kim စိတ်ပျက်သွားမိတယ်။ ​သေချာ​ပေါက် ဒီလူဟာ သူ့စစ်ဆင်​ရေးတပ်ဖွဲ့ထဲက တပ်သားတစ်​ယောက်မှမဟုတ်ဘဲ။

"ခင်ဗျားဘာလာလုပ်တာလဲဗျာ။ ဒဏ်ရာ​တွေလည်းသက်သာ​သေးတာမဟုတ်ဘဲနဲ့။"

သက်​တော်​စောင့် Kim စိတ်ပျက်လက်ပျက်ဖြစ်​နေဟန်ကို အပြည့်အဝ​​ဖော်ကျူးပြီး ​လေသံက​လေးနှင့် ဆို​တော့ Jisung ဆီမှ စပ်ဖြီးဖြီးရယ်သံတစ်ခုကထွက်​​ပေါ်လာတယ်။ မျက်နှာကို အမည်း​ရောင်အဝတ်တစ်ခုနဲ့ဖုံးအုပ်ထားတာ​ကြောင့် ​သေ​သေချာချာမမြင်ရ​​ပေမဲ့ ဒီလူ​သေချာ​ပေါက် သူ့ကိုမျက်နှာချို​သွေး​နေလိမ့်မယ်လို့ သက်​တော်​စောင့် Kim ​တွေးလိုက်မိတယ်။

Out Of Character || MinSung FF ||Where stories live. Discover now