Ep.15. မိတ်​ဟောင်း​ဆွေ​ဟောင်း

519 85 18
                                    

​ဆေးပင်အချို့နဲ့အလုပ်ရှုပ်​နေတဲ့ သမား​တော် Bang အနီး ကူညီ​ပေးမ​ယောင်နဲ့ သူဝင်ထိုင်​နေရတယ်။ သမား​တော် Bang ဆိုသမျှ ​ဆေးပင်နှင့်ပတ်သက်တဲ့ သင်ခန်းစာပို့ချမှု​တွေဟာလည်း သူ့နားထဲ ဝင်တစ်လှည့် မဝင်တစ်လှည့်။

ဘယ်အချိန်ကစမှန်း​တော့ မသိ​ပေမဲ့ သူတစ်သက်နဲ့တစ်ကိုယ်စိတ်​ကူး​တောင်မယဥ်ကြည့်ဖူးတဲ့ သမား​တော်ဆိုတဲ့အလုပ်တာဝန်မှာ သူ​နေသားကျလာပြီလည်းဖြစ်တယ်။ ​ဆေးပင်များအ​ကြောင်းယဥ်ပါးလာပြီး အဘယ်သို့​​သော ​​ရောဂါ​ဝေဒနာသည်ဟာ မည်မျှအချိန်ကြာ​အောင် ​ဆေးကုသမှုခံယူရမယ်ဆိုတာမျိုးလည်း သူမှန်းဆတတ်လာတယ်။

ရှင်ဘုရင်ရဲ့​ရောဂါ​ဝေဒနာဟာလည်း ရှင်ဘုရင်ကို ​လောကထဲမည်သည့်အချိန်ထိတိုင် ​နေခွင့်​ပေးမလဲဆိုတာကိုလည်း သူမှန်းဆပြီးဖြစ်တယ်။

ထိုအ​ကြောင်းအရင်း​ကြောင့်ပင် အိမ်​ရှေ့စံမှာ အလွန်တရာမှလည်း အလုပ်ရှုပ်လို့​နေ​လေရဲ့။ လနှင့်ချီ၍ကြာခဲ့ပြီ။ အိမ်​ရှေ့စံနှင့်သူ မျက်နှာချင်းဆိုင်မ​တွေ့ဖြစ်ကြသည်မှာ လနှင့်ချီကြာခဲ့ပြီ။ အတိအကျဆို ၃၂ ရက်။

တံတားငယ်​ပေါ် သူ့အ​ပေါ်​မေတ္တာသက်ဝင်မှုရှိ​ကြောင်း အိမ်​ရှေ့စံဖွင့်ဟဝန်ခံခဲ့တဲ့ ညပြီး​နောက် သူတို့လုံးဝမ​တွေ့ဖြစ်ကြ​တော့ခြင်း။ အိမ်​ရှေ့စံမှာ အလုပ်ခရီးတစ်ခုကို ဒုန်းဆိုင်းထွက်ခွာသွားရခြင်းဖြစ်​ကြောင်းကို​တော့ တစ်ဆင့်စကားနဲ့ Jisung ကြားသိခဲ့ရတယ်။

ထိုခရီးမှပြန်လာ၍ နန်း​​တော်တွင်း​​ရောက်ပြီဆိုတာနဲ့တစ်ပြိုင်နက် နန်းအပ်ခြင်းခံရ​တော့မှာဖြစ်တယ်လို့လည်း နန်းတွင်းသူ၊ နန်းတွင်းသား​တွေက ထင်​ကြေး​ပေး​နေကြ​​ကြောင်းကိုလည်း Jisung သိရတယ်။

"​နေမ​ကောင်းဘူးလား Jisung"

သမား​တော် Bang က ​ဆေးတစ်မျိုးကို ​သေ​သေချာချာထုတ်ပိုးသိမ်းဆည်း​နေရင်းက သူ့ဘက်လှည့်မကြည့်ဘဲ ​မေးခွန်းထုတ်လာတယ်။

"မဟုတ်ပါဘူး။ ကျွန်​တော်​နေ​ကောင်းပါတယ်"

Jisung ရဲ့အ​ဖြေစကားကို သမား​တော်ငယ်က ​​ခေါင်းတငြိမ့်ငြိမ့်ပြုရင်း ​နောက်ထပ်​မေးခွန်းတစ်ခု​မေးတယ်။

Out Of Character || MinSung FF ||Nơi câu chuyện tồn tại. Hãy khám phá bây giờ