Ep.8. မြင်းနက်ပြဿနာ

646 98 33
                                    

မနက်​​​​စော​စောထရတာဟာ Jisung နဲ့လုံးဝမအပ်စပ်တဲ့အလုပ်ဖြစ်တယ်။ သို့​ပေမဲ့ မ​နေ့ညကတည်းက မနက်ကျ ​စော​စောထဖို့ အမိန့်​ပေးထားတဲ့ အရှင့်သား​ကြောင့် ​ခေါင်းပူ​​အောင်​တောင်မအိပ်နိုင်ဘဲ နှိုးသူမဲ့ နိုး​နေခဲ့တာဟာလည်း Jisung ကို​ခေါင်းမကြည်​စေနိုင်။

အ​ကြော​​တောင်​ကောင်း​ကောင်းမဆန့်နိုင်ခင်ကတည်းက ​ခြေလက်မျက်နှာသန့်စင်ပြီး အရှင့်သားသွားရာ​နောက်ကို အမှုထမ်းအချို့နဲ့အတူ လိုက်ပါလာခဲ့ရတယ်။

ဦးတည်ရာဟာ စိမ်းစိုစိုကွင်းပြင်ကျယ်တစ်ခုမှန်း သိရ​တဲ့အထိ အရှင့်သားဦး​ဆောင်ရာ​နောက်ကို ​ခြေလျင်လိုက်​လာမိရင်း ဘယ်နှကြိမ်​မြောက်မှန်း မသိ​တော့​အောင် သမ်း​ဝေ​​နေမိတယ်။

အ​ရောင်အဝါအပြည့်နဲ့ အိ​န္ဒြေကြီးစွာ ​ဦး​​ဆောင်လျှောက်လှမ်း​နေတဲ့ အရှင့်သားကလည်း ပျင်းရိပျင်းတွဲ့သူ့ကို တစ်ချက်တစ်ချက် လှည့်ကြည့်​နေမှန်း ရီ​ဝေ​​​ဝေအာရုံက သတိထားမိပါရဲ့။

စိမ်းပြာ​ရောင် ပိုးသားဝတ်ရုံက ခန့်ညားလှတဲ့ အိမ်​ရှေ့စံရဲ့ ခန္ဓါကိုယ်​ပေါ် ဝံ့ဝံ့ကြွားကြွား​နေရာယူထား​ကြောင်း နံနက်ခင်း​နေ​ရောင်ခြည်က အတည်ပြုတယ်။ ဒီ​လောကသားမဟုတ်တာ​ကြောင့် ​တော်ဝင်မျိုးနွယ်၊ ဂုဏ်ပကာသနစတာ​တွေကို ​ခေါင်းထဲမထည့်တတ်တဲ့ Jisung ​တောင် ယခုလို အိမ်​ရှေ့စံအနီးမှာ လမ်း​လျှောက်​နေရရင် သိမ်ငယ်လာသလိုလို။

ဝါးခ​မောက်​ဆောင်း ကိုယ်ရံ​တော်ကလည်း အိမ်​ရှေ့စံရဲ့ အ​ရောင်အဝါကို ပိုလို့ပင် သိသာ​ထင်ရှားစေ​အောင် ခန့်ခန့်ညားညား​လျှောက်လှမ်း​နေတယ်။ ဒီမြင်ကွင်း​တွေဟာ အိပ်​ရေးမဝ​သေးတဲ့ Jisung အတွက်​တော့ အိပ်မက်ဆန်​နေသလိုပါပဲ။

အရှင့်သားရဲ့​ခြေလှမ်း​တွေတုန့်ဆိုင်းသွား​တော့ အတူပါလာတဲ့ အမှုထမ်းတချို့က ​ဘေးဘယ်ညာမှာ ​နေရာယူလိုက်ပြီး ​ခေါင်းငုံ့အရိုအ​သေ​ပေးရင်း ခစားကြတယ်။ မိမိရဲ့ တာဝန်ဝတ္တရားက ဘယ်အရာမှန်းမသိပါတဲ့ Jisung မှာ​တော့ ဘုံပါ​ပျောက်​နေရင်း ​ကြောင်စီစီမတ်တပ်ရပ်​နေရ​လေရဲ့။

Out Of Character || MinSung FF ||Tempat cerita menjadi hidup. Temukan sekarang