Ep.3. လိ​မ္မော်သီးသည်လေး Han Jisung // လိေမၼာ္သီးသည္ေလး Han Jisung

722 112 13
                                    

"ဘယ်က​နေ ဘယ်လို ဘာ​တွေဖြစ်လာတာလဲကွာ။ စား...စား။ ဟင်းရည်​လေးထပ်ချက်ထားလို့ ငါသွားကြည့်လိုက်ဦးမယ်။ ထပ်စားချင်တာရှိရင် ငါ့ကို​ပြော​နော်။"

​သူသိပ်သ​ဘောကျခဲ့ဖူးတဲ့ Model Felix ရဲ့ သေး​သေးသွယ်သွယ် ခန္ဓါကိုယ်အချိုးအစား၊ ​ရွှေညို​ရောင် ဆံပင်ရှည်၊ ဝင်းလက်လက်အသားအရည်နဲ့ အင်မတန်လှပလွန်းပါတဲ့ Freckles တို့ကို ပိုင်ဆိုင်ထားတဲ့ ​အမျိုးသားငယ်ကို Jisung အစပထမက ရှိ​န်​နေခဲ့မိပါ​သေးတယ်။ သို့​သော်ငြား သူ့ကို လှိုက်လှိုက်လှဲလှဲကြိုဆိုဧည့်ခံပြီး လိ​မ္မော်သီးအများအပြားစားထား​တာ​တောင် တဂွီဂွီမြည်​နေဆဲ သူ့ဝမ်းထဲ ဖြည့်တင်းဖို့ အစားအ​​သောက်တစ်ဝိုင်းကိုပါပြင်ဆင်​ပေးလာတဲ့ Lee Yongbok ဆိုသူ ဒီအမျိုးသားငယ်ကို ဒီဘက်ကမ္ဘာထဲ​ရောက်လာပြီး တစ်ရက်အတွင်း ​တွေ့လိုက်ရတဲ့ မိတ်​ဟောင်း​ဆွေ​ဟောင်းပမာ အားကိုးတကြီးရှိလာမိတယ်။

သူ့​ရှေ့မှာမြင်​တွေ့​နေရတဲ့ အ​ရောင်အ​သွေးစုံလင်လှပါတဲ့ ထမင်းဝိုင်း​ကြောင့် မျက်ရည်အချို့ပင် ဝဲတက်လာရပြီး ​ဇွန်းကို​ကောက်ကိုင်၊ တစ်လုပ်ဝါးကြည့်လိုက်​တော့ အသက်ရှင်​နေ​သေးတာကိုပဲ ​ကျေးဇူးတင်မိလာသလို။

"အဟမ်း...အဟမ်း"

​စား​သောက်ဆိုင်တစ်ဆိုင်ကို တစ်​ယောက်တည်းအားနဲ့ ​အောင်​အောင်မြင်မြင် စီမံ​နေနိုင်တဲ့ Yongbok ပြင်ဆင်​ပေးထားတဲ့ အရသာတစ်ဖက်ကမ်းခပ် ထမင်းဟင်း​တွေကို ​​ပျော်​​ပျော်ရွှင်ရွှင် အားပါးတရ စား​နေစဥ်မှာပဲ သူ့နားထဲ ပဲ့တင်ထပ်လာတဲ့ ​ချောင်းဟန့်သံ​ကြောင့် Jisung စိတ်တိုသွားမိတယ်။

"တစ်မနက်လုံး ကျွန်​တော်ငတ်ပြတ်​နေတဲ့အချိန် ခင်ဗျားဘယ်​ပျောက်​နေတာလဲ။"

"System ဆိုတာ တစ်​နေကုန်အားယားပြီး မင်းအနားပဲ ကပ်​နေမယ်လို့ထင်​နေတာလား ညီ​လေး။ ငါတို့မှာလည်း အိပ်ချိန်ဆိုတာရှိတယ်။ စားချိန်ဆိုတာရှိတယ်။ ရုံးကိစ္စလုပ်ရတာ​တွေလည်းရှိတယ်။ နားရက်လည်းရှိရတယ်။ အဲ့​တော့ ငါနဲ့အဆက်အသွယ်မရတာနဲ့ ပူညံပူညံလုပ်ဖို့ မပြင်ပါနဲ့။"

Out Of Character || MinSung FF ||Unde poveștirile trăiesc. Descoperă acum