Ep.0

1K 124 18
                                    

"ဒါဘယ်လို​တောင် ​စောက်သုံးမကျတဲ့ Manhwa လဲ"

ရုတ်တရက် ​ဒေါသတကြီး​အော်ဟစ်သံတစ်ခု ထွက်​ပေါ်လာတဲ့အခန်းထဲ ဆွဲလှန်ခံလိုက်ရတဲ့စားပွဲ​ပေါ်က Ramen ဘူးခွံ​တွေဟာ ကြမ်းပြင်​ပေါ် ​နေရာအနှံ့ ပြုတ်ကျကုန်တယ်။

"ငါမှားတာ ငါမှားတာ ဒီလို​စောက်သုံးမကျတဲ့ Manhwa ကိုအလှ​လေးမျက်နှာတစ်ကမ္ဘာလုပ်ပြီး ဖတ်ခဲ့မိတဲ့ ငါမှားတာ"

သူ့နဖူးကိုသူ မနာ​အောင်ထုရင်း အိပ်ယာ​ပေါ် ​ခြေပစ်လက်ပစ်လှဲချပစ်လိုက်တဲ့ ​ကောင်​ငယ်လေးရဲ့မျက်နှာဟာ ​ဒေါသ​ကြောင့်နီမြန်း​​နေတယ်။ သူ့ရင်ထဲမှာလည်း အလိုမကျမှု​တွေဟာ လှိုင်းထန်​နေတဲ့ ပင်လယ်ပြင်တစ်ခုလို..။

​စောင်ပုံကြားထဲ လူးလိမ့်နေရင်းက Laptop ဖန်သားပြင်​ပေါ် ​သွေးအလိမ်းလိမ်း​ပေကျံပြီး လဲကျ​​နေတဲ့ အဖြူရိပ်က​လေးကို နှ​မြောတသစွာ ​ငေးကြည့်လိုက်တဲ့ သူ့ရဲ့မျက်ဝန်း​တွေဟာ ငိုချင်စိတ်​​ကြောင့်နီရဲလာတယ်။

Manhwa၊ Manga နဲ့ ဝတ္ထု​​တွေဖတ်တိုင်း Character ​တွေအ​ပေါ် အစွဲလမ်းကြီးတတ်တဲ့ သူ့ရဲ့ဗီဇကို သူကိုယ်တိုင်လည်း သိပ်မုန်း​ပေမဲ့ ဒီတစ်ခါမှာလည်း မ​ပြောင်းလဲနိုင်ပြန်ဘူး။ ဒီ Manhwa ကိုသူစဖတ်ခဲ့တဲ့ အ​ကြောင်းရင်း၊ ဆက်ပြီး​စောင့်​ဖတ်ခဲ့မိတဲ့ အ​​ကြောင်းရင်းဖြစ်တဲ့ Character ​လေး​သေဆုံးခန်းမှာ​တော့ သူ့ရဲ့စိတ်ခံစားချက်​တွဟာ ငရဲပြည်ဟိုး​အောက်ဆုံးထပ်ကို​ရောက်သွားသလိုပဲ။

"Han Jisung...Han Jisung ဘာလို့​ဒီ​လောက်​တောင်ခေါင်းမာရတာလဲ။"

သူ့နှုတ်က ​တီးတိုးရေရွတ်လိုက်တဲ့ စကားသံဟာ သူ့နာမပါဝင်​နေ​တယ်ဆိုပေမဲ့ သူရည်ရွယ်လိုက်သူဟာ ဖန်သား​ပြင်​ပေါ်လဲကျ​သေဆုံး​​နေတဲ့ အဖြူရိပ်က​လေးကိုသာ။ ဟုတ်ပါတယ်။ Manhwa ထဲက Character အလှ​လေးဟာ သူ့နာမည်နဲ့ချွတ်စွပ်တူတဲ့ နာမည်ကိုပိုင်ဆိုင်ထားတယ်။

ဒါ​ကြောင့်လည်း စာ​ရေးဆရာ'ဟ'ရဲ့ promotion post ကိုမြင်လိုက်ရတဲ့အချိန်မှာတဲ့အချိန်မှာ နှစ်ခါမစဥ်းစားဘဲ စိတ်ဝင်စားခဲ့မိတာပဲ။ အချိန်​တွေကြာလာတာနဲ့အမျှ နာမည်တူအလှ​လေးအ​ပေါ်စွဲလန်းစိတ်​ကြောင့် ဖတ်မိသူတိုင်း မှတ်ချက်ဆိုး​ပေး​ရတဲ့ Manhwa အစုတ်ပလုတ်ကို သူဆက်ဖတ်ခဲ့မိတယ်။

Out Of Character || MinSung FF ||Where stories live. Discover now