Chapter 52 _ မီးခြစ်ဆံရုပ်သေးရုပ်

Start from the beginning
                                    

"ငါ သုံးကြည့်ပြီးပြီ။ ဒါပေမဲ့ ခန္ဓာကိုယ်က အရမ်းအထိမခံတော့ အားသိပ်မသုံးရဲဘူး။ ငါကတော့ ပစ္စည်းအလေးတွေ မလို့နိုင်ပေမဲ့၊ မရင် လက်မောင်းက ကြေသွားလိမ့်မယ်" ချောင်ချန့်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။ သူမက ရှင်ယဲ့၏ ကျိုးနေသော လက်ကိုကြည့်လိုက်လေ၏။ "နင်ကော မူလစွမ်းရည်သုံးနိုင်လား?"

ရှင်ယဲ့: " 'ကဒေါက်'။ ဘယ်လက်နဲ့ စာရေးတာတော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ လက်ချောင်းအဆစ်တွေက သံချေးတက်နေတယ်။ နှုန်းကလည်း အရမ်းနှေးတယ်။ QR code တစ်ခုဆွဲရင် နာရီဝက်လောက် ကြာရင်ကြာနေမှာ"

ချောင်ချန့်၏ မီးခြစ်ဆံခေါင်းပေါ်တွင် တပ်ထားသည့် အနီရောင်ဖော့စဖရတ် မျက်လုံးလေးနှစ်လုံးမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားပုံရလေသည်: "နာရီဝက်ဆိုရင် တိုက်ပွဲသုံးချီတောင် ချလို့ရနေပြီ။ ငါဆိုတစ်ခါတည်း မီးစာအလုပ်ခံရလိမ့်မယ်!"

ရှင်ယဲ့ ခဏလောက် တိတ်ဆိတ်သွားခဲ့ရာမှ၊ ခေါင်းစဉ်ကိုပြောင်းရန် ဆုံးဖြတ်လိုက်သည်: "အချက်အလက်တွေ အလဲအလှယ်လုပ်ရအောင်"

ရှင်ယဲ့ တစ်မနက်လုံး မြင်ခဲ့သမျှ ကြားခဲ့သမျှအရာများကို ချောင်ချန့်အား ပြန်ပြောပြလိုက်၏။

ချောင်ချန့်ကလည်း ဆိုလိုက်လေသည်: "နင့်သတင်းတွေက ငါ့ထက်တောင် နောက်ကျနေသေးတယ်။ ငါ ဒီကမ္ဘာမှာ အမေတစ်ယောက်ရှိတယ်။ သံဖြူရုပ်သေးရုပ်"

"ဟင်? မီးခြစ်ဆံရုပ်သေးရုပ်ရဲ့ အမေက သံဖြူရုပ်သေးရုပ်?" ရှင်ယဲ့ ဒီကမ္ဘာက အမှန်တကယ်ကို ယုတ္ထိကျကျ ကောက်ချက်ချ၍မရကြောင်း ခံစားမိလိုက်သည်။

"အဲ့ဒီဘန််းနဒစ်က ဘယ်လိုတွေတွေးနေခဲ့လဲဆိုတာ ဘယ်သူကသိမှာလဲ" ချောင်ချန့်က အံကြိတ်လိုက်လေ၏။ "ငါတို့ မိသားစုက အမေတစ်ယောက်တည်းအုပ်ထိန်းတာ။ အမေက ကလေးသုံးယောက်ကို ပြုစုပျိုးထောင်ပေးတယ်။ အစ်ကိုအကြီးဆုံးက အမေနဲ့အတူတူပဲ အမျိုးအစားအသစ် သံဖြူရုပ်သေးရုပ်။ ဒုတိယအစ်မလတ်က သာမန်သစ်သားရုပ်သေးရုပ်ပဲ။ ဒါပေမဲ့ သူက မြို့တစ်မြို့လုံးမှာ အလှဆုံး မိန်းကလေးလို့ ပြောကြတယ်။ လိုက်ပိုးပန်းတဲ့လူတွေလည်း အများကြီးပဲ။ သူက ဘယ်နားကလှလဲဆိုတာတော့ ငါ သေချာပေါက် ကြည့်ပြီး မပြောနိုင်ဘူးပေါ့။ အလှအပခံစားတဲ့ပုံက မတူဘူးဆိုတော့။ ငါကတော့ သုံးယောက်မြောက် မီးခြစ်ဆံရုပ်သေးရုပ်။ ငါ့ ပခုံးတွေက မြှောက်လို့မရဘူး။ လက်တွေကလည်း ဘာမှ မလို့မရဘူး။ လက်တွေခြေထောက်တွေက တစ်နေကုန် ကျိုးနေတာ။ အမေကပြောတယ် သူ ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံတွေအကုန်လုံးကို ငါ့ခန္ဓာကိုယ်ကို ပြင်ဖို့အတွက်ပဲ သုံးနေရတယ်တဲ့။ ငါက ပိုက်ဆံကုန်ပေါက်တဲ့။ အဲ့ဒါကြောင့် ဒီနေ့မနက် ငါ့ကို မြို့ပြင်အတင်းထွက်ခိုင်းပြီး ကိုယ့်စရိတ်အတွက်ကိုယ် သတ္ထုရိုင်းတူးခိုင်းတာ"

High Energy QR Code [ Myanmar translation ]Where stories live. Discover now