°°°•••°°°•••°°°•••°°°•••°°°•••°°°

ငါးနှစ်ကြာသော်......

ဂျွန်မြောင်တို့ခြံဝင်းထဲက ဒန်းလေးပေါ်မှာ..
ဂျွန်မြောင်တို့အချစ်ငှက်နှစ်ကောင်ရှိနေကြ
တယ်....။

ဒန်းလေးပေါ်ထိုင်ပြီး လွဲပေးနေတဲ့ဆယ်ဟွန်း
ရဲ့ပေါင်ကိုခေါင်းအုံးလုပ်လို့ဂျွန်မြောင်က
အိပ်နေသည်....။
ဆယ်ဟွန်းကတော့....သူ့ပေါင်ပေါ်က
သူ့ရဲ့နတ်သားလေးကိုတစိမ့်စိမ့်ကြည့်ရင်း..
ဒန်းလွဲနေရတာ နတ်ပြည်ကိုရောက်နေသလို
ပါပဲ....။

ဒါ သူမျှော်လင့်ထားတဲ့...သူစိတ်ကူးထားတဲ့
သူ့ရဲ့အနာဂတ်ပဲလေ....။
သူ့ရဲ့ဘဝကြီးက ဂျွန့်ကြောင့်လမ်းမှန်ပေါ်
ကိုရောက်လာပြီး...အခုလိုအေးအေးချမ်းချမ်း
နေနိုင်နေတာ...။

အစကတည်းကဂျွန်နဲ့သာမတွေ့ဖြစ်ခဲ့ရင်သူလဲခုချိန်ထိ တရားမဝင်အလုပ်တွေလုပ်ရင်းပဲ
ဘဝကိုအဓိပ္ပါယ်မဲ့စွာဖြတ်သန်းနေရမှာ.....။

ဂျွန်နဲ့တွေ့မှ သူအချစ်ဆိုတာကိုခံစားမိပြီး...
ပထမဆုံးအကြိမ်အဖြစ် အမှောင်လောက
ကနေရုန်းထွက်ပြီး သာမာန်ဘဝလေးမှာ
နေချင်စိတ်ဖြစ်မိတယ်....။

ဂျွန့်ကိုမချစ်မိခင်အချိန်အထိ သူ့ဘဝတစ်ခုလုံးက အမှောင်လောကမှာနစ်မြှပ်နေခဲ့တာ..။
ပျော်မွေ့နေတယ်ရယ် လို့တော့မဟုတ်
ပေမယ့် ဒီလိုမကောင်းတာတွေလုပ်နေလဲ
တားမယ့်မိသားစုဝင်တွေ သူငယ်ချင်းတွေ
မရှိတာရယ်....ငယ်ကတည်းကဒီလောက
မှာပဲကျင်လည်ခဲ့တော့ ဒါကလွဲပြီးဘာမှ
ထွေထွေထူးထူးမလုပ်တတ်တာရယ်ကြောင့်
သူ....ဒီလောက ကနေရုန်းထွက်ဖို့စဉ်းတောင်
မစဉ်းစားဖူးဘူး....။

ဂျွန့်ကိုချစ်မိချိန်မှသာ...ဂျွန်သူ့ကိုမုန်းသွားမှာ
ကိုသူကြောက်တတ်လာတယ်.....။
ဂျွန်ကသူ့ကိုစိတ်ဆိုးနေရင်တောင်သူ့မှာ
နေစရာမရှိဖြစ်နေတာ...မုန်းသွားမယ်ဆိုရင်
သူသေ သွားရုံပဲရှိမှာပေါ့....။

သူ့ရဲ့အရာအားလုံးကဂျွန့်ကြောင့်ပြောင်းလဲ
လာတာမို့...။
ဂျွန်က သူ့အတွက်လမ်းပြကြယ်လေးလိုပဲ...။

"ပါပါး....!!..."

သူအတိတ်ကိုပြန်တွေးနေတုန်းမှာစူးခနဲ
အသံကြားလိုက်ရတာကြောင့် အိမ်တံခါးဝ
ကိုလှမ်းကြည့်တော့ သူတို့ရှိရာကိုပြေးလာ
နေတဲ့အဝါလုံးလေး...။
ရမ်းခါနေတဲ့မှိုလုံးပုံဆံပင်ကေလေးနဲ့
သူတို့ရဲ့သားလေး မြောင်ဟွန်း ကဒီ
တစ်ရပ်ကွက်လုံးရဲ့အသဲကျော်လေးဖြစ်
သည်..။

မင်း!...[COMPLETED]Where stories live. Discover now