ဆရာဝန်တစ်ယောက်ရဲ့အလုပ်ကတကယ်
ကိုပင်ပန်းရပါတယ်...။
လူနာတွေအများကြီးကိုလိုက်စစ်ဆေးပေး
ရသလို...အရေးပေါ်လူနာတွေကလဲ
အချိန်မရွေးရောက်လာတတ်၍..
ပြေးလွှားနေရသည်..။
ညကြီးမင်းကြီးလဲ...အရေးပေါ် ဖြစ်သည့်
လူနာရှိလျှင် အိပ်ချင်မူးတူးနှင့်ထပြေး
ရသေးတာ....။
ခုကတော့ ရှားရှားပါးပါးလေးနားချိန်ရနေ
သည်ဆိုပါတော့...။
ဂင်ဂျွန်မြောင်တို့ကတော့ ထိုရတောင့်ရခဲ
နားချိန်လေးကို ချစ်သူ ရဲ့ရင်ခွင်ထဲပစ်ဝင်
ပြီးကုန်ဆုံးနေပါ၏...။"အချစ်.."
"အင်း...ပြောလေ..ဟွန်း.."
ဆယ်ဟွန်းရဲ့လူနာကုတင်ပေါ်မှာဖြစ်သည်..။
ကုတင်ခေါင်းရင်းကိုမှီထိုင်နေတဲ့ဆယ်ဟွန်း
ရဲ့ရင်ခွင်ထဲ ဂျွန်မြောင့် ကိုယ်လုံးလေးတစ်ခု
လုံးကနစ်ဝင်နေသည့်အနေအထား..။သူ့ရဲ့ဗိုက်ပေါ်ကဆယ်ဟွန်းရဲ့လက်ချောင်း
တွေကို ဂျွန်မြောင် ကဆော့ကစားလို့နေ
သည်...။"အခုဆို ကိုယ်တို့နှစ်ယောက်အတူနေလို့
ရပြီနော....တွေ့ချင်တဲ့အချိန်လဲတွေ့လို့ရ
တယ်....လျှောက်လည်ချင်တဲ့အချိန်လဲ
လျှောက်လည်လို့ရပြီ...။ကိုယ့်အချစ်က
မပျော်ဘူးလား..."ကြည်နူးရိပ်သမ်းနေတဲ့မျက်ဝန်းများနဲ့
ဆယ်ဟွန်းကဂျွန်မြောင့် ဆံပင်လေးတွေကြား
နှာတံကိုတိုးဝှေ့ကာပြောလိုက်သည်...။"ပျော်တာပေါ့....ဒါပေမယ့်..."
ပြောပြီး..အချစ်က သူ့ရဲ့လက်ချောင်းတွေကို
ဆော့ကစားတာရပ်သွားပြီး...သက်ပြင်းချ
၏...။"ဒါပေမယ့်...ကဘာလဲ အချစ်ကလေးကလဲ.. ကိုယ်တို့ကခုမှလွတ်လွတ်လပ်လပ်
ပျော်ကြရမှာကို...""ငယ်လေးရှိသေးတယ်လေ....
သူ့ကို ဟွန်း နဲ့တွဲနေတဲ့အကြောင်းမပြော
ရသေးဘူး...။
သိရင် သူက သဲတို့နှစ်ယောက်ကိုလက်ခံ
ပါ့မလား..."ပြောပြီးမော့ကြည့်လာတဲ့မျက်ဝန်းလေးတွေ
မှာမျှော်လင့်ချက်မဲ့နေတဲ့ အရိပ်အယောင်
တွေကိုတွေ့နေရသည်....။"သူလက်ခံလောက်မှာပါ....။
လက်မခံလဲ ကိုယ်တို့ကကြိုးစားရမှာပေါ့.."
CZYTASZ
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...