•41•

163 18 4
                                    


အိုဆယ်ဟွန်းအိမ်မှာလာနေမည့်ကိစ်စ
ကိုလက်မခံချင်ပေမယ့် အဲဒီနေ့ကကိစ်စ
တွေကြောင့်သူလက်ခံလိုက်ရသည်..။

Hyung ကိုတော့ တစ်ခုခုအဖြစ်မခံနိုင်ပါ။
အဲဒီအစား အိုဆယ်ဟွန်းကိုအိမ်ပေါ်ခေါ်တင်
ထားတာကမှ ဟုတ်ဦးမည်ဟုသူတွေး
သဖြင့် အခုအိုဆယ်ဟွန်းတစ်ယောက်
သူတို့အိမ်ပေါ်ကိုရောက်နေပြီဖြစ်သည်...။

ခုနေ့ကတော့ သူတို့အိမ်မှာလူစုံတက်စုံ...။
Hyung တို့အတွဲရယ်...အစ်ကိုမင်ဟို
ရယ် သူရယ်...။

Hyung ရယ် အိုဆယ်ဟွန်းရယ်က
မီးဖိုချောင်မှာချက်ပြုတ်နေကြပြီး
သူနဲ့ အစ်ကိုမင်ဟိုက ခြံထဲမှာ.....။
သူကအ၀တ်စ
တစ်ခုနဲ့သူ့ဆိုင်ကယ်ကိုဟိုသုတ် ဒီသုတ်နဲ့
သ နေခြင်းဖြစ်ပြီး အစ်ကိုမင်ဟို က
မြက်ခင်းပြင်ပေါ်ထိုင်ကာ ဖုန်းသုံးနေခြင်း...။

ခနကြာတော့ အစ်ကိုမင်ဟိုကဖုန်းကို
အိတ်ကပ်ထဲထည့်ပြီး ခေါင်းကိုဘယ်ပြန်
ညာပြန်စောင်းလို့ အညောင်းဖြေနေပုံရ
သည်.....။
ပြီးနောက်...ထိုင်နေရာကထကာ သူ့ဆီ
လျှောက်လာ၏....။

"အစ်ကိုကူရဦးမလား....ဂျုံအင်..."

"ရတယ် အစ်ကိုမင်ဟို....ကျွန်တော့်ဘာသာ
လုပ်ပါ့မယ်...."

သူထိုသို့ပြောလိုက်တော့ အစ်ကိုမင်ဟိုက
ဘာမြှပန်ပြောမလာတော့....။
ခနအကြာမှသာ.....

"အင်း.....ငယ်တို့နှစ်ယောက်ကတကယ်
လိုက်ဖက်နေတာပဲ...."

ပြတင်းပေါက်ကတဆင့်အိမ်ထဲကိုကြည့်ရင်း
အစ်ကိုမင်ဟိုပြောတော့ သူလဲဆိုင်ကယ်
သုတ်လက်စနဲ့ကြည့်ဖြစ်လိုက်သည်....။

မီးဖိုပေါ်ကဟင်းရည်အိုးကိုမြည်းစမ်းကြည့်
နေတဲ့သူ့အစ်ကိုရယ်....ကြက်သွန်လှီးနေ
ရင်းက တကယ့်ကိုကြည်နူးသည့်အရိပ်
အယောင်တွေပျော်ဝင်နေတဲ့မျက်ဝန်းနဲ့
သူ့အစ်ကိုကိုလှမ်း လှမ်းကြည့်နေတဲ့
အိုဆယ်ဟွန်းရယ်.....။

အင်း.....
အဲလိုကျတော့လဲ သူတို့နှစ်ယောက်ကိုနဂို
ကအတင်းလိုက်ခွဲနေတဲ့ သူကလူဆိုးကြီး
လိုလို....။

အတွေးနဲ့အတူ ဂျုံအင်နှုတ်ခမ်းရွဲ့လိုက်မိ
သည်....။
အစ်ကိုမင်ဟိုကိုကြည့်တော့ တကယ့်ကို
ဆွေးမြည့်နေတဲ့မျက်ဝန်းတွေနဲ့ အိမ်ထဲကို
ကြည့်လို့နေသည်....။
အစ်ကိုမင်ဟိုကသူ့အစ်ကိုအပေါ်ခံစားချက်
လက်ကျန်လေးတွေမကုန်သေးဘူးထင်ပါ
သည်....။

မင်း!...[COMPLETED]Hikayelerin yaşadığı yer. Şimdi keşfedin