ဆယ့်တစ်နာရီကျော်ကာမှ နံနက်စာစား
နေပါသည်ဆိုသောနှစ်ယောက်သားကို
ဂျုံအင် တစ်ယောက်မျက်မှောင်ကြီး
ကျုံ့ကာကြည့်နေလိုက်သည်....။
တကယ်ပါပဲ...။
မနေ့ညကဘာတွေများလုပ်ကြလို့
နောက်ကျမှထပြီးအခုချိန်ကြီးမှမနက်စာ
ထစားနေကြရတာလဲ...။"hyung...."
ဆိုဖာပေါ်ထိုင်နေရာကနေထကာ
မီးဖိုချောင်က မသင်္ကာစရာထမင်းဝိုင်း
ဆီကိုဂျုံအင်လျှောက်သွားကာ
ခေါ်လိုက်ခြင်းဖြစ်သည်....။
စားပွဲရဲ့ထိပ်မှာသွားရပ်လိုက်တော့
အခေါ်ခံလိုက်ရတဲ့သူ့အစ်ကိုဖြစ်သူ
ကသူ့အားလှည့်ကြည့်လာသည်....။
သို့သော် သူနဲ့အကြည့်ချင်းတော့မဆုံနေ...။
တမင်ကြီး နောက်ဘက်ကရေခဲသေတ္တာ
ဆီကိုအကြည့်တွေလွှဲထားသည်လေ..။"ဘာလို့ ခုမှထတာလဲ.."
လက်ပိုက်ရပ်ကာ တရားခံစစ်မေးသလို
မေးလိုက်တော့ မျက်ဆံ လေးတွေ
လှုပ်ရှားလာကာ သူ့ကိုမဝံ့မရဲကြည့်၏...။
တကယ့်ကို.....ခနလေးပဲကြည့်ပြီး
သူ့ဆီကအကြည့်တွေကိုချက်ချင်းပြန်
ရုတ်ကာရှေ့ပြန်လှည့်ပြီး
ထမင်းတွေခပ်စားနေလေရဲ့....။
သူမေးတဲ့မေးခွန်းကိုတော့ဖြေမလာသေး
ဘူး.....။နေပါဦး....။
ဘာလို့အခုမှထတာလဲ ဆိုတဲ့မေးခွန်း
ကိုဖြေဖို့ကအဲလောက်ထိ
စဉ်းစားဖို့လိုလို့လား...။
မနေ့ညက ဘာလုပ်ခဲ့တယ်ဆိုတာကို
မေ့နေတာတော့မဟုတ်ဖူးမို့လား....။
အေးပါလေ....ငှဲ့ညှာပေးပါ့မယ်...။
အဲဒါဖြေဖို့ခက်ခဲနေတယ်ဆိုရင်လဲ
နောက်တစ်ခုမေးပေးရမှာပေါ့...။"ဒါဖြင့်ရင် ခုနက hyung ကိုဘာလို့
အိုဆယ်ဟွန်းကချီထွက်လာရတာလဲ.."သေလိုက်ပါတော့ ဂျွန်မြောင်ရယ်....။
ခုနကမေးခွန်းကိုတောင်ဖြေမရသေးတဲ့
ကိစ္စကို....ခု....နောက်ထပ်မေးတဲ့
မေးခွန်းကပိုဆိုးနေပါ့လား....။
အားရှီး.....။"ဂျွန်မြောင်...ခြေထောက်ခေါက်သွားလို့"
သူအကြပ်ရိုက်နေချိန်..ထွက်လာတဲ့
စကားတစ်ခွန်း...။
ထမင်းငုံ့စားနေရာကနေ မော့ကြည့်လိုက်
တော့..ဟင်းခွက်တွေထဲနှိုက်နေရင်းနဲ့
ဟွန်းကအေးဆေးလေး ငယ်လေးရဲ့
မေးခွန်းအား အဖြေပေးလိုက်ခြင်း....။
![](https://img.wattpad.com/cover/247690443-288-k242697.jpg)
YOU ARE READING
မင်း!...[COMPLETED]
Fanfictionသွားစမ်းပါ...အိုဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့... သွားစမ်းပါ...အို်ဆယ်ဟွန်း...ငါမင်းတို့လိုလူတွေကိုရွံလွန်းလို့...