•14•

249 32 2
                                    

ဂင်ညီအစ်ကိုအိမ်တွင်......
ဂျုံအင်တစ်ယောက်မနက်စောစော
ရေမိုးချိုးပြီး တာဝါတစ်ထည်သာ
ပတ်ကာ
ဘီရိုထဲကသင့်တော်
မယ့်အဝတ်တွေရွေးနေတုန်း..
ကုတင်နှစ်ခုကြားရှိစားပွဲပုလေး
ပေါ်မှဖုန်းကတင်ခနဲမြည်သွား
သည်ကိုကြားလိုက်သည်..။
သွားကြည့်လိုက်တော့
မြင်လိုက်ရတဲ့စာတိုတစ်ကြောင်း
ကြောင့်မျက်ခုံးတွေကအလိုလို
ကျုံ့လျက်သား...။
ဘာတဲ့ good morning
ဂျွန်မြောင်..ညကကောင်းကောင်း
အိပ်ပျော်ရဲ့လားတဲ့လေ..။
ဘာလား....hyung ဆီကို
ဒီလိုပလီပလာတွေပို့တဲ့သူ
လည်းရှိသေးတာပဲလား..။
အိုဆယ်ဟွန်းဆိုပါလား...။
အင်း....ယောကျာ်းလေးပဲ...။

°°°°°

ဂျွန်မြောင်မီးဖိုထဲသီချင်းလေး
ညည်းရင်း ကြက်ဥကြော်နေသည်။
အနှစ်တုန်တုန်လေး နဲ့စားကောင်းတဲ့အနေအထားရောက်တော့
မီးဖိုကိုပိတ်ကာ နောက်ဘက်
က စားပွဲပေါ်ရှိဖန်ပန်းကန်ပြား
ထဲသို့ကျကျနနထည့်လိုက်
သည်...။
ထမင်းပူပူလေးတွေကိုကြွေပန်းကန်လုံးလေးတွေထဲခူးထည့်
နေရင်း လှေကားပေါ်ကနေ
အငယ်ကောင်ဆင်းလာတာ
ကိုလှမ်းမြင်လိုက်တာကြောင့်...

"ဂျုံအင်ရေ...လာတော့..
မနက်စာ စားကြရအောင်.."

ထမင်းဝိုင်းကိုလာထိုင်တဲ့ဂျုံအင်
မျက်နှာကခါတိုင်းနဲ့မတူဘဲ
အနည်းငယ်စူပုတ်လျက်ရှိသည်။
ဒါကို ထမင်းပန်းကန်တွေနေရာ
ချနေတဲ့ဂျွန်မြောင်တစ်ယောက်
သတိမထားမိသေး...။
အားလုံးပြီးစီးပြီးမှ...ခုံတစ်လုံးမှာ
ဝင်ထိုင်လိုက်ပြီးစတီးဇွန်းရှည်
ကိုကိုင်ကာဂျွန်မြောင်ထမင်းစား
ဖို့ပြင်လိုက်သည်...။

"hyung.."

"အင်း...ပြောလေ.."

"Hyung ကျွန်တော့်ကိုကြည့်ဦး
.....အဲဒါမှပြောရတာအဆင်ပြေ
မှာ..."

ဆိုတော့ကား...ဂျွန်မြောင်မှာ
ထမင်းခတ်လက်စဇွန်းကိုအသာ
ချကာအငယ်ကောင်ကိုကြည့်
လိုက်သည်...။

"ဘာပြောမှာလဲ...ပြော..."

ဘာမှမပြောသေးခင်အငယ်ကောင်ကဟင်းခနဲ
သက်ပြင်းအရင်ချတယ်..။
ပြီးမှ...

မင်း!...[COMPLETED]Where stories live. Discover now