•43•

146 14 0
                                    

~girl I'm your candy....~

အိပ်ပျော်နေတုန်း...နားထဲကိုသီချင်းသံ
သဲ့သဲ့တိုးဝင်လာတာကြောင့် ဆယ်ဟွန်း
နိုးလာရသည်....။
မျက်စိဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက
မှောင်မဲနေသောပတ်ဝန်းကျင်ဖြစ်သည်...။

ဟုတ်သားပဲ...။
အချစ်နဲ့သူနဲ့အတူနေပြီး ပင်ပင်ပန်းပန်းနဲ့
အိပ်ပျော်သွားလိုက်ကြတာ ညတောင်
ရောက်နေပြီပဲကိုး....။

~girl I'm your candy....~

သီချင်းသံကလဲထွက်နေဆဲမို့ ထိုအမှောင်
ထဲပဲစမ်းတဝါးဝါးလိုက်ရှာတော့ ကုတင်
ခေါင်းရင်းက စားပွဲပုလေးပေါ်တွင်
တတူတူ အော်ရင်းလင်းနေသောဖုန်းလေး..။
ယူကြည့်လိုက်ရာတွင် အချစ်ရဲ့ဖုန်းဖြစ်
နေသည်...။
ဖုန်းခေါ်နေတဲ့သူက သူ့ရဲ့ယောက်ဖလောင်း။

ဖုန်းကိုကိုင်လိုက်သည်...။

"ဟယ်လို...."

"အိုဆယ်ဟွန်းလား..."

"အင်း.."

"ကျွန်တော့်အစ်ကိုဘယ်မှာလဲ...
ပြောစရာရှိလို့..."

အချစ်ကိုမေးမှပဲ သူဘေးဘက်ကို
လှည့်ကြည့်မိသည်...။
အချစ်ကသူနဲ့စောင်တစ်ထည်တည်းအတူ
လွမ်းပြီးအိပ်မောကျနေသည်...။
အဝတ်မကပ်တာကြောင့် စောင်မအုပ်ဘဲ
ပေါ်နေတဲ့ပုခုံးသားလေးက ဖွေးအုလို့...။

"အိပ်နေတယ်..."

"အဲဒါဆိုရင်...ကျွန်တော့်အစ်ကိုနိုးလာရင်
ပြောထားပေး...ကျွန်တော်ခုည သူငယ်ချင်း
တွေနဲ့စာစုလုပ်စရာရှိလို့..အိမ်ပြန်မလာ
ဘူးလို့..."

ထိုစကားကိုကြားတော့ ဆယ်ဟွန်း
စိတ်ထဲ ပန်းတွေဝေသွားသလို..။
မဟုတ်တောင် သူ့ယောက်ဖပြန်လာလို့
သူတို့သာဒီအတိုင်းကြီးရှိနေသေးရင်..
ဘာမှရှင်းပြမရတော့ဘဲ..သူအိမ်ပေါ်က
မောင်းချခံရနိုင်သည်...။

"ဟုတ်ပြီ...ပြောထားပေးမယ်.."

သူ့စကားလဲဆုံးရော..တီခနဲဖုန်းကကျသွား
တော့သည်...။
သူ့ယောက်ဖကတော့ လိုရင်းတိုရှင်း ပဲ..။
အဟင်း...တကယ်တော့ သူ့ကိုမကြည်သေး
လို့စကားကြာကြာမပြောချင်တာဖြစ်ပါလိမ့်
မယ်..။

ဖုန်းချပြီး..စားပွဲပုလေးပေါ်က
ညအိပ်မီးအိမ်ကိုဖွင့်လိုက်သည်...။
အဲဒီတော့မှ မှောင်မဲနေတဲ့အခန်းအတွင်း
အလင်းရောင်ပြပြလေးရလာသည်...။

မင်း!...[COMPLETED]Tahanan ng mga kuwento. Tumuklas ngayon