Chapter 51 _ ရုပ်သေးမြို့တော်

Start from the beginning
                                    

ယခု၏ မှန်လူကို ကြည့်ရင်း၊ ဝှီးချဲပေါ်၌ နတ်သားလေးတစ်ပါးကဲ့သို့ အိပ်ပျော်နေသည့် လုမင်းဇယ်အား ပြန်စဉ်းစားမိလိုက်သည့်အခါ၊ ရှင်ယဲ့ စိတ်ထဲ၌ 'ရုပ်ဆိုးတယ်' ဆိုသော စာလုံးကြီးအား ရေးသားမိလိုက်လေ၏။

သို့သော်လည်း စဉ်းစားဆင်ခြင်စွာဖြင့် ထုတ်မပြောခဲ့ပေ။ ထုတ်ပြောလိုက်လျှင် မှန်မှာ ထိုင်ငိုသွားမှာဖြစ်သည်။

"ဟားဟားဟားဟား၊ ရှင်ယဲ့ မင်းက အရမ်းရုပ်ဆိုးတာပဲ!" မှန်ကြီးက ရှင်ယဲ့၏ ဘေး၌ မောင်းတီးသံမျိုးဖြင့် ရယ်လိုက်လေ၏။

ကြေးမှန်မှာ အနည်းငယ်ဝေဝါးနေသော်လည်း၊ ရှင်ယဲ့ သူ့ကိုယ်သူ မြင်နိုင်ဖို့တော့ လုံလောက်လေသည်။

အလွန်ရိုးရှင်းသည့် သစ်သားရုပ်သေးရုပ်တစ်ရုပ်ပင်ဖြစ်သည်။ ညာလက်မှာ ပြုတ်နေပြီး၊ ခါးညာဘက်ခြမ်းပေါ်၌ သံပတ်တစ်ခုရှိသည်။ လည်ပင်း၊ မျက်လုံး၊ ပါးစပ်နှင့် နားရွက်အကုန်ရှိပြီး၊ ဆံပင်တော့မရှိပေ။ ကတုံးပြောင်ပင်ဖြစ်သည်။

အောက်ဘက်ပိုင်းမှာလည်း ပြောင်ရှင်းနေသည်။

သို့သော် မှန်မှာလည်း အတူတူပင်ဖြစ်လေရာ၊ နှစ်ယောက်သားမှာ ကတုံးပြောင်ဖြစ်နေသည့် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး၊ အချင်းချင်း တဟားဟားဖြင့် ရယ်မောလိုက်ကြလေ၏။

ရှင်ယဲ့ မတ်တတ်ရပ်လိုက်ရာ၊ ကိုယ်ပေါ်မှ 'ကျွိ ကျွိ' အသံများ ထွက်လာတော့သည်။ ဆီထည့်ရန်လိုနေသည့် စက်ပစ္စည်းနှင့် အနည်းငယ် တူသည်။

ရှင်ယဲ့ သူ၏ ခန္ဓာကိုယ်အား မှန်ကြီး၌ ကြည့်ရင်းဖြင့် ဆိုလိုက်လေ၏: "ငါက အရမ်းဟောင်းနေပြီ။ ခန္ဓာကိုယ်ကို ပြင်ဖို့ လိုတယ်"

မှန်ကြီးလည်း အတူတူပင်ဖြစ်သည်။ သူ့ ခေါင်းပေါ်ရှိ သံပတ်မှာလည်း စိမ်းဖန့်ဖန့်ဖြစ်နေ၏။ အစိမ်းရောင်ကြေးညှိများတက်ကာ သံချေးတက်နေပုံရသည်။

ဆရာကြီးဘန်းနဒစ်က မှန်နှင့် သစ်သားရုပ်သေးရုပ်တွေကို ရွေ့လျားလို့ရအောင် ဘယ်လိုမျိုး လုပ်ထားလဲလည်း မသိပေ။ ဘယ်လိုပဲဖြစ်ပါစေ၊ ဒီနေရာက နတ်သမီးပုံံပြင်ကမ္ဘာတစ်ခုသာဖြစ်ကာ၊ တကယ့်ကမ္ဘာက ဘယ်သူကမှ ရုပ်သေးရုပ်တွေကို လူ့သဘာဝထည့်ပေးနိုင်လိမ့်မည်မဟုတ်ဘဲ၊ မသေခင် ကိုယ့်ရဲ့နှလုံးကို ရုပ်သေးရုပ်ထဲမှာထည့်ပြီး အသက်ဆက်ရှင်အောင် လုပ်နိုင်မည်လည်း မဟုတ်ပေ။

High Energy QR Code [ Myanmar translation ]Where stories live. Discover now