~ဂျလောက်~

တံခါးသံတိုးတိုးညင်ညင်လေးကြောင့်ကုတင်နောက်မှီတွင်ခေါင်းအုံးခု၍ကျောမှီကာခြေဆင်းထိုင်နေသည့်သူလေးရဲ့မျက်နှာကတဖြည်းဖြည်းချင်းသူ့ဘက်သို့လှည့်လာသည်။ သူ့ကိုမြင်တော့မျက်ခုံးနှစ်ဖက်ကိုထိလုမတတ်ကြုံ့လိုက်သည်။သူ.. အခန်းထဲလည်းတန်းမဝင်ရဲသေးဘဲချီတုံချတုံဖြစ်နေခိုက်..

"ဘာလဲ.. ဘယ်သူလဲ.. ဘာလာလုပ်တာလဲ"

အကြည့်လေးတွေမှာဒေါသရိပ်လေးတွေမြင်နေရသလိုအသံလေးကလည်းမာထန်နေ၏။ သူ.. ဘာပြန်ပြောရင်ကောင်းမလဲလို့စကားတွေရှာကြည့်ပေမယ့်ရှာမရ။ အခန်းဝမှာတင်ကျောက်ရုပ်တစ်ရုပ်လိုတောင့်တောင့်ကြီးရပ်နေမိတော့သည်။

"အနားမှာတစ်ချိန်လုံးရှိနေပါ့မယ်ပြောပြီးတော့အခုမှဘာလာလုပ်တာလဲ။ သိပါတယ်.. ဆေးရုံစတက်ကတည်းကတစ်ချိန်လုံးဒီမှာပဲ​နေ,​နေရလို့.. ပင်ပန်း​နေမှန်း.. သိ​ပေမယ့်.. အနည်းဆုံး​တော့သတိရလာတဲ့အထိအနားမှာရှိ​နေ​ပေးသင့်တာ​ပေါ့။ ဘယ်သူကအိမ်မပြန်နဲ့လို့တားမှာမို့လို့လဲ.. ဘယ်သူက.. "

နှုတ်ခမ်းလုံးလုံးလေးတလှုပ်လှုပ်နဲ့မနားတမ်းရန်တွေ့နေတဲ့စကားသံလေးတွေတိတ်ကျသွားအောင်ကုတင်ပေါ်မှာငုတ်တုတ်ထိုင်နေတဲ့ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲမှာနစ်မြုပ်သွားသည်အထိအုံ့မိုးဖက်လိုက်သည်။ နှစ်ပေါင်းများစွာပျောက်ဆုံးသွားတဲ့အသည်းနှလုံးလေးကအခုမှသူ့ဆီကိုအံဝင်ခွင်ကျပြန်ရောက်လာသလိုပင်..

"စိတ်ဆိုးတယ်ဆိုရင်လည်းတခြားအပြစ်တွေကြိုက်တာ ပေးပါ။ မသိတဲ့လူတစ်ယောက်လိုတော့မဆက်ဆံလိုက်ပါနဲ့။ ဒီ​နေ့အတွက်.. နှလုံးသား​လေးကခံနိုင်ရည်မရှိ​တော့လို့ပါ"

သူကအသက်က​လေးရဲ့မျက်နှာ​​လေးမှာပါးပြင်နှင့်ဖိကပ်ပွတ်တိုက်ရင်း​​ပြောတော့ရင်ခွင်ထဲမှခန္ဓာကိုယ်​ငယ်လေးကအနည်းငယ်လူးလွန့်လာပြီးသူ့ရင်ခွင်ထဲမှရုန်းထွက်ကာသူနဲ့မျက်လုံးချင်းဆုံ​အောင်ကြည့်သည်။သူ့မျက်နှာကို​မော့ကြည့်လာသည့်မျက်ဝန်း​လေး​တွေထဲမှာဒေါသအရိပ်​အ​ငွေ့တွေအစားစိုးရိမ်သည့်အ​ငွေ့အသက်လေး​တွေ​နေရာယူလာတာကိုထင်ရှားစွာမြင်​နေရသည်။

Can We Become Strangers? (✔️)Dove le storie prendono vita. Scoprilo ora